Chapter-{5}

13.3K 2.5K 51
                                    


Unicode

ခင်များကြိုက်လားတော့ မသိဘူး


အနောက်ဘက်ဥယျာဥ်ဆီက ပြန်လာတဲ့အချိန်မှာတော့ စုန့်ဟွိုင်ပုံလေးကစိတ်ဓာတ်ကျသလိုဖြစ်နေသည်။
မျက်လုံးတွေကလည်း အနိုင်ကျင့်ခံထားရသလိုနီရဲနေသည်။
လုမျန်ဟောခန်းထဲပြန်ရောက်တော့ သူ့ကိုခေါ်နေကြသဖြင့် မသွားခင်စုန့်ဟွိုင်ကိုလှည့်ကြည့်ပီး တခုခုပြောမလို့နှုတ်ခမ်းများဟသွားပေမယ့် ဘာမှကိုမပြောလိုက်ရခင် ဆွဲခေါ်ခံသွားရသည်။

စုန့်ဟွိုင်ကရှိုက်လိုက်ပီး ပြတင်းပေါက်မှန်ပေါ်မှာပေါ်နေတဲ့ သူ့ရဲ့၀မ်းနည်းနေတဲ့မျက်နှာလေးကိုကြည့်လိုက်သည်။
သူစက္ကန့်အနဲငယ်လောက် ထပ်စိတ်မကောင်းဖြစ်ဖို့ရှိသေး တခုခုသတိရသွားသည်။
သူကိုယ်တိုင်လုပ်လာတဲ့ကိတ်မုန့်လေး မပေးရသေးဘူးပဲ...
စုန့်ဟွိုင်ကလက်သီးဆုပ်လိုက်ပီး ကိုယ့်ဟာကိုယ်အားပေးလိုက်သည်။
"အားတင်းထား စုန့်ဟွိုင်"
သူကြက်သွေးတွေထိုးလိုက်သလို အားအင်တွေပြည့်လာတယ်။

စုန့်ဟွိုင်အသက်၀၀ရှူလိုက်ပီး လုမျန်ကိုကိတ်မုန့်သွားပေးမို့လုပ်လိုက်သည်။
"ကျနော်အဲ့အကြောင်း ဗိုလ်ချုပ်လုကိုအကြိမ်များစွာပြောနေကျပဲ၊ဟုတ်တယ်ဟုတ် ဗိုလ်ချုပ်"
ဘေးကလူကအာပေါင်အာရင်းသန်သန်နဲ့ပြောနေပေမယ့် အမြဲတည်တည်တံ့တံ့နဲ့လုမျန်တယောက် စိတ်ပျံ့လွင့်နေတာသတိထားမိလိုက်သည်။
လုမျန်ကလည်း သူ့အပြုအမူသူသတိထားမိပီး ခေါင်းကိုက်လာသည်။
"ဆောရီး ကျုပ်သွားတော့မယ်"
လုမျန်ရဲ့စိတ်စွမ်းအင်ထိခိုက်ထားတာက အင်ပါယာရဲ့လျှို့၀ှက်ချက်လေ။

လုမျန်ထွက်သွားဖို့လုပ်နေစဥ် ရုတ်တရက်တယောက်ယောက်ဆီက အကြည့်ကိုခံစားလိုက်မိ၍ အနောက်ပြန်လှည့်ကြည့်လိုက်ရာ စုန့်ဟွိုင်နဲ့အကြည့်ချင်းဆုံသွားသည်။
ထိုအချိန်မှာပဲ လူတယောက်ကစုန့်ဟွိုင်ကို တားလိုက်သည်။
လုချန်းဇယ်ပါပင်။
မကြာသေးခင်က ကျောင်းမှာပရောဂျက်အသစ်၁ခုလုပ်ရာ လုချန်းဇယ်ကပရော်ဖက်ဆာရဲ့လက်ထောက်အနေနဲ့ စမ်းသပ်ခန်းမှာကူညီနေရသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now