Chapter-{33.1}

10.6K 2K 139
                                    

Unicode

မထင်မှတ်ဘဲတွေ့ကြသလိုမျိုး ဟန်ဆောင်တတ်တဲ့ဗိုလ်ချုပ်ကြီး

ဟန်ရိကောလိပ်မှအတန်းဆင်းတာ နာရီ၀က်လောက်ရှိနေပြီဖြစ်ကာ ကျောင်းသားတွေအကုန်ပြန်သွားကြပြီဆိုပေမယ့် စုန့်ဟွိုင်ရဲ့အရိပ်အယောင်ကိုတော့မတွေ့ရသေးပေ။
ကားထဲတွင်တော့ လုမျန်က စုန့်ဟွိုင်ပို့ထားတဲ့အနမ်းအီမိုဂျီလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်။
အီမိုဂျီက စုန့်ဟွိုင်ရဲ့ပုံသေးသေးလေးကိုစတေကာဒီဇိုင်းလုပ်ထားခြင်းပင်။
ကောင်လေးရဲ့ ချယ်ရီသီးလိုနှုတ်ခမ်းရဲရဲလေးဆီမှအနမ်းပေးနေပုံက ချစ်ဖို့ကောင်းလွန်းလှသည်။

ကားနောက်ကြည့်မှန်မှတစ်ဆင့် အတွင်းရေးမှူးကသူ့ဘော့စ်ရဲ့မျက်နှာသေနဲ့မလိုက်ဖက်စွာ ပျော်မြူးနေတဲ့မျက်၀န်းတွေကိုကြည့်ကာ သူကြောက်ရွံ့မှုနဲ့ပျော်ရွှင်မှုဒွန်တွဲနေတာကို တစ်ချိန်တည်းမှာပဲခံစားလိုက်ရသည်။
လုမျန်က သူ့နာရီကိုကြည့်ကာအချိန်တွေတရွေ့ရွေ့ကုန်သွားတာကိုရေတွက်နေသည်။
အီမိုဂျီပို့ထားတာကလည်း ၁၀မိနစ်လောက်ရှိနေပြီ။
ကောင်လေးက အခုထိရောက်မလာသေးဘူး။

အရင်ကကျောင်းဆင်းပြီဆိုရင် ကောင်လေးတစ်ယောက်အသိုက်ထဲအမြန်ပြန်ချင်နေတဲ့ ငှက်လေးလိုပင်။
လမ်းထောင့်မှာရပ်ထားတဲ့ကားကိုတွေ့ရင် အခြားလူတွေမမြင်အောင်အမြန်ဆုံးပြေးလာနေကျ ကောင်လေး...
လုမျန်ကခုံပေါ်မှာလက်ချောင်းတွေ တတောက်တောက်ခေါက်နေရင်းစိတ်တွေဆွဲဆန့်နေသည်။

ကျောင်းသားတွေအကုန်ပြန်ကုန်ကြပြီး ဘယ်သူမှမရှိတော့တဲ့အချိန်မှာတော့ လုမျန်မစောင့်နိုင်တော့ပေ။
သူကားတံခါးဆွဲဖွင့်ကာ အပြင်မှာရပ်နေပြီးနာရီကိုပဲကြည့်နေသည်။
ထိုအချိန်မှာပဲရင်းနှီးနေကျ ခြေသံလေးအပြေးလှမ်းလာတာကိုကြားလိုက်ရတော့ လုမျန်လည်းမော့အကြည့် ကောင်လေးကလည်းသူ့ဆီပြေးလာနေတာနဲ့တည့်တည့်တိုးသည်။

စုန့်ဟွိုင်က ဒီနေ့လုမျန်သူ့ကိုစောင့်နေရင်တောင်ကားပြတင်းပေါက်တွေအလုံပိတ်ပြီး အခြားလူတွေမသိအောင်ကားထဲမှာထိုင်စောင့်နေမယ်လို့ထင်နေပေမယ့် လုမျန်ကအခုကားအပြင်မှာရပ်နေတယ်...
သူဘာလို့အဲ့လိုစောင့်နေတာပါလိမ့်...
ထိုအတွေးကြောင့်စုန့်ဟွိုင်က ပျော်မြူးကာလုမျန်ဆီအပြေးလေးသွားပြီး လက်မောင်းတွေထဲပစ်၀င်လိုက်သည်။
လုမျန်ကလည်း ကောင်လေးရဲ့အပြုအမူကိုကြိုသိပြီးဖြစ်တာကြောင့် ခိုင်မာစွာပဲလှမ်းဖက်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now