Chapter-{37}

11.1K 2K 140
                                    

Unicode

၃စက္ကန့်လောက်သာပျော်လိုက်ရတဲ့ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်က လုမျန်ကိုလိုက်ရှာနေပေမယ့် တစ်စုံတစ်ယောက်ကသူ့ရှေ့မှာပိတ်ရပ်လိုက်သည်။
လုချန်းဇယ်က စုန့်ဟွိုင်ရှေ့မှာပိတ်ရပ်ထားပြီးသူ့တကိုယ်လုံး စုန့်ဟွိုင်ကိုကာနေသည်။
စုန့်ဟွိုင်ကလည်း သူ့ရဲ့ခပ်ချောချောအကိုကြီးကိုမမြင်ရဘဲ လာကွယ်နေ၍မကျေမနပ်ဖြစ်ကာနှုတ်ခမ်းတွေပါစူနေသည်။

ဒီည စုန့်ဟွိုင်က ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့၀တ်စုံပြည့်၀တ်ထားသည်။
သူရဲ့လည်ပင်းကော်လာကိုအနဲငယ်ဖြေလျော့ထားတာမို့ နှင်းလေးလိုဖြူအုနေတဲ့လည်တိုင်သွယ်သွယ်လေးရယ် ညှပ်ရိုးလှလှလေးရယ်ကထင်ရှားနေသည်။
ထို့အပြင် စုန့်ဟွိုင်ကခုံကိုမှီနေပြီးပါးလေးတွေလည်းနီရဲနေကာ မူးနေပုံရပြီးရွှန်းလဲ့နေတဲ့မျက်၀န်းလေးတွေကလည်း ရီဝေဝေဖြစ်နေသည်။

သူ့ရှေ့မှာလာပိတ်ရပ်နေတဲ့သူကို ပြူးပြဲကြည့်ချင်တာကြောင့် မျက်လုံးအတင်းဖွင့်နေပေမယ့်လည်း ထိုပုံစံလေးကပင်သူ့ကိုပိုမိုသနားစဖွယ်ပုံပေါက်သွားစေသည်။
ထိုအပြုအမူလေးကပဲ လုချန်းဇယ်ရဲ့နှလုံးသားကိုယားကျိကျိဖြစ်သွားစေသည်။
တကယ်တော့ လုချန်းဇယ်ရဲ့အလှစံနှုန်းထဲမှာ စုန့်ဟွိုင်လည်းအပါအ၀င်ဖြစ်သည်။
လုချန်းဇယ်က ထက်မြက်ထူးချွန်တဲ့လီဇီချင်းလိုလူမျိုးကိုနှစ်သက်တဲ့အပြင် ရိုးသားဖြူစင်ပြီးချစ်စရာကောင်းတဲ့စုန့်ဟွိုင်လိုလူမျိုးကိုလည်း နှစ်သက်သည်လေ။

စုန့်ဟွိုင်က ငယ်ငယ်လေးကတည်းကသူ့ကိုအရမ်းလိုက်တွယ်ကပ်နေလို့သာ စိတ်အနှောင့်အယှက်ဖြစ်နေရခြင်းပင်။
လွယ်လွယ်နဲ့ရတဲ့အရာက အပေါစားဆန်တယ်မဟုတ်လား....
လုချန်းဇယ်အတွက်ကတော့ စုန့်ဟွိုင်ဟာချစ်စရာကောင်းတယ်လို့မြင်မိသလို တစ်ဖက်မှာလည်းအပေါစားဆန်လွန်းတယ်လို့မြင်မိသည်။

အခု စုန့်ဟွိုင်ကသူ့ကိုလျစ်လျူရှုနေတာမို့ သူ့အနေနဲ့တစ်ဖက်လူဆီမှအာရုံမခွာနိုင်အောင်ဖြစ်နေမိပြီ။
လုချန်းဇယ်က လည်ချောင်းရှင်းလိုက်ပြီး အနဲငယ်အက်ရှတဲ့လေသံနဲ့
"တုတု မင်းမူးနေပြီ"
ထို့နောက် သူ့လက်တွေကစုန့်ဟွိုင်ရဲ့ပါးပြင်လေးတွေဆီဦးတည်လိုက်သည်။
ဆယ်စတာဗန်ဂြိုဟ်မှာ နေ့နေ့ညညထရိန်နင်ဆင်းပြီးတဲ့နောက် စုန့်ဟွိုင်ရဲ့ပါးဖောင်းဖောင်းလေးတွေကပျောက်ကွယ်လုနီးပါးဖြစ်ကာ လေလျော့တဲ့ပူဖောင်းလေးလိုဖြစ်သွားလေပြီ။
စုန့်ဟွိုင်ရဲ့ဖြူဖွေးအုနေတဲ့ပါးပြင်လေးဆီမှာ သွေးရောင်လွှမ်းနေပုံကအခွံခွာပြီးစ ကြက်ဥလေးလိုပင် အထိမခံနိုင်အောင်နုရွနေပုံပေါ်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now