Unicode
ဇာတ်လိုက်၏ခြေရင်းတွင် ၀ပ်တွားရန်ငြင်းဆန်ခြင်း
သူ့ပါပါးနဲ့မာမားက ဘာမှမတုံ့ပြန်တာတွေ့ရတော့ စုန့်ဟွိုင်ကထပ်ပြောလိုက်သည်
"သား လုမျန်နဲ့တွေ့ချင်တယ်"
သူ့စကားကိုကြားပီး သူ့မိဘတွေဆွံ့အသွားမယ့်အဖြစ်ကိုတော့ မထင်ထားခဲ့ဘူး။
မာမားစုန့်မှာ ရှေ့တလှမ်းတိုးပီး စုန့်ဟွိုင်နဖူးကိုစမ်းလိုက်ကာ စိုးရိမ်နေတဲ့လေသံနဲ့
"ယောကျာ်းရေ ဒီကလေးခေါင်းထိပီး ရူးများရူးသွားတာလား""မာမားကလည်း သားနေကောင်းပါတယ်။
သားလုမျန်နဲ့တွေ့သင့်တယ်ထင်လို့ပါ""ယောကျာ်းရေ ဆရာ၀န်ကိုမြန်မြန်ခေါ်လိုက်ပါအူး။
အခုချက်ချင်း CT scanရိုက်ဖို့လိုနေပီ"
(T/N CT scanက ဦးခေါင်းဓာတ်မှန်ရိုက်တာကိုဆိုလိုတာပါ)စုန့်ဟွိုင်-?????
ခဏအကြာမှာတော့ သူ့နားမှာသူ့မိဘတွေရယ် ဆရာ၀န်၁ယောက်ရယ် နာ့စ်၃ယောက်ရယ် ၀န်းရံလိုက်ကြသည်။
ဆရာ၀န်မှာ သူကိုအပူချိန်တွေတိုင်း အခြားလိုအပ်တာတွေစစ်ဆေးပီးနောက်
"နဲနဲထိတ်လန့်တာတော့ရှိသေးပေမယ့် ထွေထွေထူးထူးမဟုတ်လို့ စိုးရိမ်စရာမရှိပါဘူး"
ဆရာ၀န်နဲ့နာ့စ်များထွက်သွားပီးနောက် စုန့်ဟွိုင်မှာ အကူအညီမဲ့နေတဲ့အမူအရာနဲ့ ဒီစကားကိုသာထပ်ပြောလေသည်
"ပါပါးမာမား သားနေကောင်းပါတယ်ဆို။
သား လုမျန်နဲ့တွေ့ချင်တယ်"မာမားစုန့်-"ဒုက္ခပါပဲ ဒီကလေးခေါင်းထိပီး အဲ့စကားတခွန်းပဲ ထပ်ခါတလဲလဲပြောနေတယ်"
ပါးပါးစုန့်ကနောက်ဆုံးတော့ ခေါင်းအေးသွားပီး
"သားဘာတွေပြောနေလဲ ဆိုတာရောသိရဲ့လား။
သားကရှောင်လုကိုကြိုက်တာ မဟုတ်ဘူးလား။
ဗိုလ်ချုပ်ကြီးလုကိုဘာလို့တွေ့ချင်ရတာလဲ"
ဗိုလ်ချုပ်ကြီးလု ဆိုပါလား။
သူ့ပါပါးကတောင် တလေးတစားနဲ့ဗိုလ်ချုပ်ကြီးလို့ခေါ်တယ်။
ဘယ်လောက်တောင် ဂေါ်လိုက်သလဲ။
သူသာ အဲ့လိုဂေါ်တဲ့လူနဲ့လက်ထပ်ဖြစ်ခဲ့ရင်---စုန့်ဟွိုင်မှာ ထိုလူကိုတောင်မတွေ့ရသေးဘဲ ထိုလူနဲ့အနာဂတ်အကြောင်းကိုတောင် တွေးနေပီဖြစ်သည်။
သူကခြေထောက်ကိုအနဲငယ် လှုပ်လိုက်ပီးရှက်နေတဲ့အသံလေးနဲ့
"သားက သားလက်ထပ်ရမယ့်လူနဲ့တွေ့ချင်ရုံလေးပါ၊မရဘူးလား"
အင်ပါယာကြီးတခုလုံးမှာ လုမျန်ကိုမသိတဲ့သူဆိုတာ မရှိဘူး။
လက်ရှိတော်၀င်ဘုရင်ထက် တဆင့်သာနိမ့်တဲ့ အင်ပါယာတခုလုံးရဲ့အလင်းရောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးလေ။
YOU ARE READING
ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]
FantasyThis is not my own story. It is my second translation work. All Credits to original author. Associated name-你想摸一下我的魚尾巴嗎 Type-Web novel Author-系辭上 Status in COO-Completed{47 chapters} Original Publisher-jjwxc Start date-20.8.2021 End date-8.11.2022