Chapter-{33.2}

10.4K 2.1K 206
                                    

Unicode

မထင်မှတ်ဘဲတွေ့ကြသလိုမျိုး ဟန်ဆောင်တတ်တဲ့ဗိုလ်ချုပ်ကြီး

စားသောက်ဆိုင်ရှေ့ကိုရောက်တဲ့အထိ အိုင်းရစ်တစ်ယောက်ဇဝေဇ၀ါဖြစ်နေသေးသည်။
မယုံနိုင်စွာပဲ လုမျန်ကသူ့ကိုဒီစားသောက်ဆိုင်တန်းလေးတွေမှာညစာစားဖို့ခေါ်လာသည်။
သူတို့နဲ့အတူပါလာတဲ့အတွင်းရေးမှူးပါ ကြောင်အနေရှာသည်။

သူတို့၂ယောက်လုံး လုမျန်အနားမှာနေတာကြာလို့ လုမျန်အကြောင်းနောကျေနေပြီလေ...
လုမျန်ကတိတ်ဆိတ်ငြိမ်သက်တဲ့နေရာတွေမျိုးကိုပဲသဘောကျတဲ့သူလေ...
ပြီးတော့ စားစရာဆိုရင်လည်းခပ်ပေါ့ပေါ့ပါးပါးတွေပဲစားတတ်တဲ့သူ...

အခုတော့ လုမျန်သူတို့ကိုညစာစားဖို့ခေါ်လာတဲ့နေရာက လူတွေပြည့်ကျပ်ပြီးဆူညံနေတဲ့စားသောက်ဆိုင်တန်းလေးတွေတဲ့လား....
လုမျန်ကသာမန်အ၀တ်အစားတွေလဲထားပေမယ့်လည်း ဒီဆိုင်တန်းလေးတွေနဲ့တော့သဟဇာတဖြစ်မနေပေ။
လုမျန်ရဲ့အသွင်အပြင်ကထင်းလွန်းနေတာကြောင့် ဆိုင်နားကိုနီးလာလေ လူတွေရဲ့အာရုံစိုက်မှုကိုရလာလေပဲ။

အားလုံးက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြကာ အချို့ကလုမျန်ကိုမှတ်မိနေကြပေမယ့် လုမျန်ကဒီလိုလူရှုပ်တဲ့နေရာတွေကိုမကြိုက်တာ မှတ်မိလိုက်သည်။
သူတို့ပြေးသွားကာမေးချင်ကြပေမယ့် လုမျန်ရဲ့အရှိန်အ၀ါကိုကြောက်ကြတာမို့ အဝေးမှသာရပ်ကြည့်ကာတီးတိုးပြောဆိုနေကြသည်။

အတွင်းရေးမှူးရဲ့မသိစိတ်က စစ်မြေပြင်မှာတိုက်ပွဲဆင်နွှဲလာတဲ့အိုင်းရစ်ထက်ပင် စူးရှနေသေးသည်။
သူကဗိုလ်ချုပ်ကြီးဒီဆိုင်ကိုလာတာ တစ်စုံတစ်ယောက်ကိုလာရှာခြင်းဖြစ်ကြောင်း အလျင်အမြန်ပဲသဘောပေါက်လိုက်သည်။
ထို့နောက် လုမျန်ရဲ့အကြည့်က တစ်နေရာမှာရပ်သွားတော့ အတွင်းရေးမှူးကထိုနေရာသို့ကြည့်လိုက်ရာ ထင်ထားတဲ့အတိုင်းပဲစုန့်ဟွိုင်နဲ့သူ့သူငယ်ချင်းတွေထိုင်နေတာကို မြင်လိုက်ရလေသည်။

·

တစ်ဖက်တွင်တော့ စုန့်ဟွိုင်နဲ့လီဇီချင်းတို့ကြား အခဲမကျေဖြစ်နေတာကြောင့် ကုရန်ကသူ့သူငယ်ချင်း၂ယောက်ကိုပြေရာပြေကြောင်းညှိနှိုင်းပေးရန် ညစာအတူစားဖို့စီစဥ်လိုက်ခြင်းဖြစ်သည်။
ကုရန်နဲ့ဖုန်းပြောပြီးတာနဲ့ စုန့်ဟွိုင်အ၀တ်အစားလဲကာ ဆိုင်သို့ထွက်လာခဲ့သည်။
သူ ဆိုင်ကိုရောက်တော့ကုရန်နဲ့လီဇီချင်းကရောက်နှင့်နေပြီဖြစ်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now