Chapter-{7}

13K 2.4K 121
                                    

Unicode

သူကရိုးသားပီးဟန်မဆောင်တတ်တဲ့သူမျိုးကိုသဘောကျတာ


စုန့်ဟွိုင်နှိုးလာတဲ့အချိန်မှာ အရမ်းတွေရေဆာနေပီး သူ့ခြေထောက်ကလည်းအရမ်းပူနေတယ်။

ရေ   သူရေလိုအပ်တယ်...

စုန့်ဟွိုင်ကုတင်ပေါ်ကယိုင်တိယိုင်တိုင် ထလာပီးရေချိုးခန်းဆီမနဲအားတင်းကာ သွားလိုက်ရသည်။
ရေချိုးဇလုံထဲကရေနဲ့မထိခင်အထိ ခြေထောက်ပိုင်းကပူလောင်နေတယ်။
ရေချိုးဇလုံကလည်းအလွန်ကြီးမားလှ၍ စုန့်ဟွိုင်တောင်ရေ၀င်ကူးလို့ရတယ်။

"ဟမ်"
သူရေထဲလည်းရောက်ရော ခြေထောက်၂ဖက်လုံး ရွှေငါးတကောင်ရဲ့အမြီးအဖြစ်ပြောင်းလဲသွားသည်။
အမြီးမှာရှိတဲ့အကြေးခွံတွေက
တလက်လက်နဲ့ကာလာစုံစွာ  ရေထဲမှာထင်ဟပ်နေသည်။

အရွယ်ရောက်ခါနီးပီမို့ သူ့ခန္ဓာကိုယ်ကheat၀င်ချင်သလိုဖြစ်လာသည်။
နောက်၃လနေလို့ ၁၈နှစ်ပြည့်ရင် သူဘာဆက်လုပ်ရမလဲ...
စုန့်ဟွိုင်ကသူ့အမြီးကိုထိလိုက်ပီး ပူလောင်နေတဲ့ခံစားချက်ကိုလျှော့နိုင်သမျှလျှော့ချနေသည်။
(T/N ဒီမှာပြောချင်တာလေးတခုက ပူတယ်ဆိုတာ ဟိုလိုထကြွတာမဟုတ်ဘဲ ရေမထိတာကြာလို့ခြေထောက်တွေအပူလောင်သလိုဖြစ်လာတာပြောတာပါ)

ဒီအမြီးပြဿနာဖြေရှင်းပီးတာနဲ့ မနေ့ညက၀ိုင်သောက်ပီးနောက်ပိုင်း ဖြစ်ခဲ့တာတွေရုတ်တရက်ပြန်သတိရလာသည်။
၀ိုးတ၀ါးပုံရိပ်တွေဆိုပေမယ့် မနေ့ကလုမျန်ရှေ့မှာကြမ်းပေါ်လူးလှိမ့်နေတာကအစ လုမျန်ပေါ်အန်ချလိုက်တာအဆုံးပေါ့။
သူအန်ချလိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့လုမျန်ရုပ်က ငရဲမင်းထက်တောင်ဆိုး၀ါးသေးတယ်။

စုန့်ဟွိုင်တယောက်ခေါင်းကိုလက်၂ဖက်ဖြင့်ဆုပ်ကိုင်ရင်းတွေးလိုက်သည်
လုမျန်ငါ့ကိုများမုန်းသွားပီလား...
သူရေချိုးဇလုံထဲမှာငါးသေတကောင်လို ငြိမ်သက်နေလေရဲ့။
သူ့နှလုံးသားထဲလစ်ဟာသွားသလို ခံစားလိုက်ရပီး သိမ်ငယ်စိတ်တွေအလုံးအရင်း၀င်လာသည်။

မနက်စာစားဖို့အောက်ထပ်ဆင်းလာတာတောင် သူ့တကိုယ်လုံးစိတ်ဓာတ်ကျနေတဲ့အငွေ့အသက်တွေ လွှမ်းခြုံနေသည်။
မူရင်းဇာတ်လမ်းမှာကျတော့ သူလုမျန်နဲ့လက်ထပ်ဖို့ငြင်းလိုက်တာနဲ့ လုမိသားစုဘက်ကစပီးတိုက်ခိုက်ဖို့လုပ်တော့တာ။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now