Chapter-{22.1}

11.4K 2.1K 45
                                    

Unicode

ဗိုလ်ချုပ်ကြီးက လူလိမ်လူညာကြီး

နောက်တနေ့ကားထဲမှာတော့ အတွင်းရေးမှူးကလေထုအခြေအနေတင်းမာနေတယ်လို့ခံစားမိသည်။
အမြဲလိုလိုတက်ကြွနေလေ့ရှိတဲ့စုန့်ဟွိုင်က ဒီနေ့မှာတော့ကားထဲရောက်တဲ့အထိ 'မောနင်း'ဆိုတဲ့စကားတလုံးပဲပြောပြီး ငြိမ်နေသည်။
ဗိုလ်ချုပ်ကြီးကလည်း ကားပေါ်ရောက်ကတည်းကခုထိနေ့စဥ်ထုတ်သတင်းစာကိုပဲဖတ်နေသည်။
ဆိုတော့ကာ လုမျန်ရဲ့သတင်းစာလှန်တဲ့အသံမှတပါး ကားထဲမှာတိတ်ဆိတ်ငြိမ်သက်နေလေသည်။

စုန့်ဟွိုင်ကကားပြတင်းပေါက်ကိုမှီပြီး မနေ့ညကလုမျန်ဘာလို့သူ့ကိုအိပ်ရာ၀င်အနမ်းမပေးရတာလဲဆိုတာကိုတွေးနေသည်။
သူကလုမျန်ကိုခဏခဏကြည့်နေမိတာကြောင့် သတင်းစာဖတ်နေတဲ့လုမျန်တောင်မှ သူကြည့်နေကြောင်းကိုသတိမထားမိဘဲမနေနိုင်တော့ချေ။
လုမျန်ကသတင်းစာကိုချထားလိုက်ပြီး စုန့်ဟွိုင်ကိုကြည့်ကာ'ဘာဖြစ်လို့လဲ'ဆိုတဲ့အဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ကျောင်းဆီမရောက်ခင် လမ်းအကွေ့တခုအရောက်တွင်စုန့်ဟွိုင်ကပြောလာသည်
"ကားရပ်လိုက်"
အတွင်းရေးမှူးကလမ်းဘေးတွင်ကပ်ကာ ကားနားလိုက်တာနဲ့စုန့်ဟွိုင်ကကားပေါ်မှဆင်းလိုက်သည်။
အခုလက်ရှိမှာသူတို့၂ယောက်ရဲ့ပတ်သက်မှုက လူသိရှင်ကြားထုတ်မပြသေးပေ။
အဲ့ဒါကြောင့်စုန့်ဟွိုင်သာလုမျန်ရဲ့ကားကိုစီးလာတာမြင်ရင် ကျောင်းသားတွေကအတင်းတုပ်ကြလိမ့်မည်။
စုန့်ဟွိုင်ကထိုအချက်ကိုသေချာတွေးမိပြီး ကားထဲမှာကျန်ခဲ့တဲ့လုမျန်ကတော့ ပြတင်းပေါက်မှတဆင့်ကောင်လေးဆီကိုအကြည့်စူးစူးတွေထုတ်လွှတ်နေသည်။

စုန့်ဟွိုင်ရဲ့အပြုအမူက လုမျန်မနေ့ကတွေးထားတဲ့ခန့်မှန်းမှုကိုအတည်ပြုလိုက်သလိုပင်။
ဒီကောင်လေးက သူနဲ့ပတ်သက်မှုကိုလူသိမခံချင်ဘူးပဲ....
ထိုအကြောင်းကိုတွေးမိတာနဲ့ လုမျန်ရဲ့မျက်နှာမှာအရင်ကထက်ပိုမိုအေးစက်သွားကာ
"သွားတော့"
စုန့်ဟွိုင်ကကားထွက်သွားတာကိုကြည့်ပြီး လမ်းပေါ်မှကျောက်ခဲလေးကိုကန်လိုက်ကာ စိတ်ပျက်မှုကိုခံစားလိုက်ရသည်။
လုမျန်ကတကယ်ကြီးထွက်သွားတာပဲ....

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now