Chapter-{13.2}

12.4K 2.3K 28
                                    

Unicode

သတင်းတွေပျံ့နှံ့နေခြင်း(၂)


လုမျန်ရုတ်တရက်သူ့အခန်းဆီပြန်လာလိမ့်မယ်လို့ စုန့်ဟွိုင်မထင်ခဲ့ပေ။
စုန့်ဟွိုင်ငေါက်ခနဲထထိုင်ကာ လက်ထဲမှ၀က်၀ံရုပ်ကြီးကိုလည်းဘေးကိုပစ်ချလိုက်ပီး မတ်တပ်ရပ်လိုက်သည်။
ပီးတော့လက်လေးတွေကိုအနောက်ပို့ထားကာ ရှက်လွန်းလို့တွင်းထဲ၀င်ပုန်းချင်စိတ်ပေါက်နေသည်။
လုမျန်သူ့ကိုစိုက်ကြည့်နေတာမြင်တော့ သူပြာယာခတ်ကာ လည်ချောင်းထဲမှဖြစ်ညစ်ကာတမင်တကာရီလိုက်ပီး
"ကျ ကျနော်ဒီတိုင်းအော်သံကျင့်နေတာပါ"
လုမျန်ကဘာမှမဖြစ်သလိုနဲ့ "အင်း"

စုန့်ဟွိုင်က လုမျန်ရဲ့'အင်း' သံကိုကြားဖန်များလာ၍ထင် သူ့မျက်နှာလေးကရှုံ့တွလာကာရှက်နေတဲ့လေသံမှ ခပ်စွာစွာလေသံပြောင်းသွားပီး
"ကျနော်သီချင်းဆိုလေ့ကျင့်နေတာပါဆို ကျနော်ပြောတာမယုံဘူးလား"
လုမျန်ရဲ့အကြည့်က စုန့်ဟွိုင်ခြေထောာက်ဆီမှစတော်ဘယ်ရီခြေအိတ်လေးမှတဆင့် ကောင်လေးရဲ့စိတ်လှုပ်ရှားပီးခပ်စွာစွာအမူအရာကလေးကိုမြင်လိုက်ရတော့ သူခံစားနေရတဲ့နာကျင်မှုတွေသက်သာသွားသလိုတောင်ခံစားနေရသည်။

ရှားရှားပါးပါးလုမျန်အနဲငယ်ပြုံးလိုက်မိသည်။
ထိုအပြုံးကလျှပ်စီးလက်သလိုဖြတ်ခနဲသာဆိုပေမယ့် စုန့်ဟွိုင်ရဲ့အကြည့်တွေဆီကတော့လွတ်မြောက်ပုံမရ။
စုန့်ဟွိုင်လည်းပြုံးလိုက်ကာ သူတို့၂ယောက်ကြားပိုပီးသက်တောင့်သက်သာအခြေအနေရောက်သွားကာ ရုတ်တရက်မေးလိုက်သည်
"ဒီနေ့ကျနော့်အိမ်ကိုဘာလာလုပ်တာလဲဟင်"
အခုလေးတင်အိမ်ပြန်မလို့လာနှုတ်ဆက်သည့်လုမျန်က သူ့စကားလုံးတွေကိုပြန်မျိုချကာ
"ကိုယ်ဒီနေ့လာတာက ကိုယ်တို့လက်ထပ်ပီးရင်အတူနေမယ့်ဗီလာကိုသန့်ရှင်းရေးလုပ်ထားပီးပီလို့၊တကယ်လို့မင်းနေချင်တယ်ဆိုရင် မနက်ဖြန်ပြောင်းလာလို့ရတယ်ဆိုတာပြောမလို့"

လုမျန်ကတိတ်တဆိတ်နဲ့ကောင်လေးဘယ်လိုပြောလာမလဲဆိုတာစောင့်ကြည့်နေသည်။
သူပြောပီးတာနဲ့ ကောင်လေးရဲ့မှင်သက်သွားတဲ့အမူအရာကိုတွေ့လိုက်ရတော့ လုမျန်တုံ့ဆိုင်းသွားကာ
"မင်းမပြောင်းချင်ရင်လည်းရပါတယ်၊ကိုယ်အတင်းအကျပ်မပြောင်းခိုင်းပါဘူး"
"ပြောင်းချင်တာပေါ့"
စုန့်ဟွိုင်ကခေါင်းငုံ့ကာရှက်နေတဲ့အမူအရာနဲ့ထပ်ပြောလိုက်သည်
"ကျနော်စဥ်းစားဦးမယ်လို့ပြောတာပါ"
ကောင်လေးရဲ့အဖြေကိုကြားလိုက်ရတော့ လုမျန်ခေါင်းငြိမ့်လိုက်သည်။
(T/N အမယ်လေးဟဲ့ ဗီလာဆီပြောင်းမပြောင်းမေးတာ၊ဖွင့်ပြောတာမဟုတ်သေးဘူးဟဲ့ စဥ်းစားမယ်တွေဘာတွေနဲ့😅)
.
.
.
"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
လုမျန်လည်းပြန်သွားရော စုန့်ဟွိုင်တယောက်အခန်းထဲမှာပျော်လွန်းလို့အော်ဟစ်နေသည်။
ဘိုးဘိုးစုန့်ကလန့်ဖျတ်ပီးအပေါ်ထပ်ကိုတက်ပြေးလာကာတံခါးခေါက်ရင်း
"ဒီကလေး ဘာတွေဖြစ်နေတာတုန်း"
ရှောင်လျိုမုန့်ကတားလိုက်ကာ
"ဘိုးဘိုး သူ့ကိုအဖက်လုပ်မနေနဲ့ သူကအပျော်လွန်နေတာ"
ထိုနေ့တွင်စုန့်မိသားစု၀င်များမှာ ညစာစားချိန်ရောက်တဲ့အထိစုန့်ဟွိုင်ရဲ့အော်ဟစ်သံများကိုနားထောင်လိုက်ရသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now