Unicode
ရေသူလေးတုတုရဲ့အမြီးလှလှလေး
နေ့လည်ခင်းတွင် ကလပ်မှဇာတ်ညွှန်းရပြီးတာနဲ့ နေ့ခင်းအတန်းချိန်တွေကိုကျော်ဖြတ်ရင်း ကျောင်းဆင်းချိန်ရောက်လာလေသည်။
စုန့်ဟွိုင်နဲ့လီဇီချင်းကလည်း ကျောင်းဂိတ်၀မှာပဲလမ်းခွဲလိုက်ကြပြီးနောက် စုန့်ဟွိုင်ကဟိုကြည့်ဒီကြည့်လုပ်ကာလမ်းထောင့်နားက ကားပေါ်အမြန်ပြေးတက်လိုက်သည်။ကားပေါ်ရောက်တာနဲ့ အတွင်းရေးမှူးကနှုတ်ဆက်လာသည်
"ဗိုလ်ချုပ်ကတော်"
စုန့်ဟွိုင်ကထိုစကားလုံးကိုကြားတာနဲ့ ရှက်သွေးဖြာလာသည်။
ထို့နောက်ဘေးကလုမျန်ကိုတိတ်တိတ်လေးလှမ်းရှိုးလိုက်တော့ လုမျန်ကထိုစကားလုံးအပေါ်မကြည်ဖြူပုံမပေါ်ပေ။
အဲ့တာကြောင့် စုန့်ဟွိုင်အနဲငယ်ပျော်သွားမိသည်။
လုမျန်ကမငြင်းဘူးဆိုတော့ လက်ခံတဲ့သဘောလား...စုန့်ဟွိုင်ကသူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး ကားပေါ်စရောက်တည်းက ၂ယောက်သားဘာစကားမှပြောဖြစ်ကြပေ။
အစီရင်ခံစာတွေကိုစစ်နေတဲ့ဗိုလ်ချုပ်ကြီးကတော့ သူ့ဘေးမှာကာလာရောင်စုံပြောင်းနေတဲ့ကောင်လေးရဲ့မျက်နှာကိုတချက်တချက်ကြည့်နေမိသည်။
ဒီကောင်လေးရဲ့ခေါင်းသေးသေးလေးက ဘာတွေများထပ်တွေးနေပြန်ပြီလဲမသိဘူး...စုန့်ဟွိုင်ကလည်းလုမျန်ကိုစကားပြောချင်ပေမယ့် အလုပ်လုပ်နေတာကိုလည်းအနှောင့်အယှက်မဖြစ်စေချင်ပေ။
စုန့်ဟွိုင်ရဲ့ခိုးခိုးကြည့်နေတဲ့ မျက်၀န်းလေးတွေက လုမျန်ရဲ့ပြန်ကြည့်လာတဲ့မျက်လုံးတွေနဲ့ဆုံတော့
၂ယောက်သားကြောင်အသွားကာ စုန့်ဟွိုင်မှ
"ဟိုလေ စီနီယာအမရှုထုန်ပြောတဲ့၀ှက်ဖဲဆိုတာကိုသိလားဟင်"
လုမျန်ကပြဇာတ်ကလပ်ရဲ့ယာယီအုပ်ထိန်းသူဆရာဆိုတော့ သိလောက်မှာပေါ့...လုမျန်ကကောင်လေးရဲ့သိချင်စိတ်များနေတဲ့မျက်နှာလေးကိုကြည့်ပြီး သူ့မျက်လုံးတွေနူးညံ့သွားကာပြဇာတ်ကလပ်ဆိုမှ သူပြဇာတ်ကလပ်ဆီရောက်ရောက်ချင်း လုချန်းဇယ်နဲ့စုန့်ဟွိုင်တို့အတူရှိနေကြတာကိုမြင်လိုက်ရသည်။
လုမျန်ကထိုမြင်ကွင်းကိုပြန်မြင်ယောင်မိတော့ အမူအရာကအေးစက်လာသည်။
ဒါကြောင့်သူတခွန်းတည်းသာပြောလိုက်သည်
"အင်း"
YOU ARE READING
ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]
FantasyThis is not my own story. It is my second translation work. All Credits to original author. Associated name-你想摸一下我的魚尾巴嗎 Type-Web novel Author-系辭上 Status in COO-Completed{47 chapters} Original Publisher-jjwxc Start date-20.8.2021 End date-8.11.2022