Chapter-{24.4}

11.3K 2.2K 94
                                    

Unicode

ရေသူလေးတုတုရဲ့အမြီးလှလှလေး

သူတို့အဆင်ပြေရင် နောက်တဆင့်ထပ်တက်ကြမယ်လေ...
စုန့်ဟွိုင်က လုမျန်ရဲ့အဖြေကိုစောင့်နေဆဲ...
၁စက္ကန့်
၂စက္ကန့်
၃စက္ကန့်
သဘောမတူဘူးထင်တယ်...
စုန့်ဟွိုင်လက်လျှော့ခါနီးမှ လုမျန်ကခေါင်းငုံ့ကာပါးကိုနမ်းလိုက်သည်။
ထို့နောက် ကောင်လေးရဲ့ဆံပင်ကိုပွတ်သပ်ပြီး
"မြန်မြန်သွားအနားယူတော့"

အားးးးးးးးးးးးးးးးးးးး
သူအောင်မြင်ပြီကွ!!!!
·
နေ့ဘက်တွေမှာစုန့်ဟွိုင်က လုမျန်နဲ့ကျောင်းကိုကားအတူတူစီးသွားကြပြီး လမ်းထောင့်လေးနားမှာကားရပ်ကာ ခွဲသွားကြသည်။

အတန်းချိန်တွေဆိုရင်လည်း လုမျန်ကမေးခွန်းမေးပြီး စုန့်ဟွိုင်ကိုသာအဖြေဖြေခိုင်းလေ့ရှိသည်။
ကျောင်းဆင်းချိန်ရောက်ရင်တော့ လမ်းထောင့်နားမှာရပ်ထားတဲ့ကားလေးဆီပြန်လာပြီး လုမျန်နဲ့အတူဗီလာကိုပြန်လေ့ရှိသည်။
ညဘက်တွင်တော့ လုမျန်ကသူနဲ့အတူစာလုပ်ကူသည်။
ညအိပ်ရာ၀င်ခါနီးမှာတော့ စုန့်ဟွိုင်ကလုမျန်ဆီမှအိပ်ရာ၀င်အနမ်းလေးရလေ့ရှိသည်။
·
၃ရက်ကြာပြီးနောက်
ပြဇာတ်ကိုအစမ်းလေ့ကျင့်မယ့်နေ့ရောက်လာပြီဖြစ်သည်။
ဒီနေ့မှာပြဇာတ်ကလပ်၀င်တွေ ခန်းမထဲကိုစောစီးစွာရောက်နေကြသည်။
ချင်းရှီကလူရေတွက်လိုက်ပြီး ရှုထုန်အား
"ထုန်ထုန် မှော်ဆရာနေရာမှာဘယ်သူသရုပ်ဆောင်မှာလဲ"

အားလုံးကရှုထုန်ကို၀ိုင်းကြည့်လိုက်ကြသည်။
လွန်ခဲ့တဲ့၃ရက် သူတို့ဇာတ်ညွှန်းစာရွက်ရကတည်းက အားလုံးကိုယ်စီသရုပ်ဆောင်ရမယ့်ဇာတ်ကောင်ကိုယ်စီသတ်မှတ်ထားပြီးသားဖြစ်ပေမယ့် အဓိကဇာတ်ကောင်ဖြစ်တဲ့မှော်ဆရာနေရာသရုပ်ဆောင်မယ့်သူလစ်လပ်နေသည်။
လီဇီချင်းက မှော်ဆရာနေရာမှာသရုပ်ဆောင်ချင်ပေမယ့် ရှုထုန်ကသတ်မှတ်ထားပြီးတဲ့သူရှိတယ်လို့ပြောတဲ့အတွက် ဘုန်းတော်ကြီးဖာသာဇာတ်ရုပ်ကိုသာသရုပ်ဆောင်ခွင့်ရခဲ့သည်။
ပြဇာတ်ကလပ်မှလူအားလုံးရောက်နေပြီဖြစ်ကာ ပြဇာတ်ရဲ့ယာယီအုပ်ထိန်းသူဆရာဖြစ်တဲ့လုမျန်က နောက်ကျနေသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Dove le storie prendono vita. Scoprilo ora