Chapter-{18}

12.4K 2.3K 109
                                    

Unicode

ကိုယ့်ကိုအိမ်မှာစောင့်နေ

"ဗိုလ်ချုပ်ကြီးကတော်တော်အမြင်ရှိတာပဲ၊ဒီလက်စွပ်တစုံက ကျနော်တို့ဆိုင်ရဲ့ပုံတူမရှိတဲ့တစုံတည်းသောလက်စွပ်ပါ။
ဒီလက်စွပ်က ကျောက်လေးကတော့ 'ထာ၀ရမပြောင်းလဲတဲ့ကတိသစ္စာ' ကိုကိုယ်စားပြုပါတယ်"
လုမျန်က ပန်းရောင်စိန်လေးကိုတချက်ကြည့်ပီး စုန့်ဟွိုင်တော့မြင်လိုက်တာနဲ့အံ့သြပီးကြိုက်မှာပဲလို့ သူတွေးလိုက်သည်။

"အဲ့ဒါလေးပေးပါ"
ဆိုင်ရှင်ထပ်ပီး
"ဗိုလ်ချုပ်ကြီး ကျနော်တို့ဘက်ကလက်စွပ်ထဲမှာ စာဖြစ်ဖြစ်တခုခုထွင်းပေးပါတယ်။
ဗိုလ်ချုပ်ကြီးတခုခုများရေးချင်ပါသလား"
လက်စွပ်ထဲမှာ စာထွင်းပေးတယ်ဆိုပါလား...
ဆိုင်ရှင်က ဗိုလ်ချုပ်ကြီးကိုကြည့်လိုက် ကျုံးရွှယ်ယင်းကိုကြည့်လိုက်လုပ်နေပီးမှ
"စုံတွဲတော်တော်များများကတော့ သူတို့ရဲ့နာမည်အစ စာလုံးလေးတွေ ထွင်းလေ့ရှိတယ်ဗျ"
ထို့နောက် လုမျန်က
"ခင်ဗျားအထင်လွဲနေပီ၊ကျနော်လက်စွပ်ပေးချင်တဲ့သူက ဒီမှာမရှိဘူး"
ကျုံးရွှယ်ယင်းက ထိုစကားကိုကြားလိုက်ရော မလိုမုန်းတီးမှုအရိပ်အရောင်တွေ သူ့မျက်လုံးထဲဖြတ်ပြေးသွားသည်။
တကယ်တော့ ကျုံးရွှယ်ယင်းက အခုချိန်တွင်အခြားဂြိုဟ်မှာအစည်းအ​ေ၀းတက်ရန် ၀န်ကြီးချုပ်နဲ့အတူသွားရမှာဖြစ်ပေမယ့် လုမျန်ဌာနချုပ်ကိုပြန်လာတယ်ဆိုတဲ့သတင်းလည်းကြားရော ဆင်ခြေပေးပီးမြို့တော်ဌာနချုပ်ကိုအပြေးပြန်ရန်ကြိုးစားတော့သည်။

သူမြို့တော်ကိုရောက်တာနဲ့ လုမျန်ကလည်းအပြင်ထွက်မလို့ကြုံနေတော့ အတူလိုက်လာခဲ့သည်။
ကျုံးရွှယ်ယင်းကအခြားသူတွေရဲ့အမြင်ဆီမှရှောင်ချင်တာမို့ လုမျန်နဲ့​ဆွေးနွေးစရာရှိတာမို့လိုက်ခဲ့ချင်ကြောင်းပြောသည်။
လုမျန်ကလည်းဌာနချုပ်နဲ့ပတ်သက်တဲ့ကိစ္စများကိုအလေးထားတော့ ကျုံးရွှယ်ယင်းအားလိုက်ခွင့်ပြုလိုက်သည်။
ကျုံးရွှယ်ယင်းက လုမျန်အပြင်သွားရတဲ့အကြောင်းအမျိုးမျိုးကိုတွေးနေပေမယ့် လက်စွပ်၀ယ်မလို့ဆိုတာတော့မထင်ခဲ့တာအမှန်။
သူကထိုတဖျတ်ဖျတ်လက်နေတဲ့ ပန်းရောင်စိန်လက်စွပ်တစုံကိုကြည့်နေသည်။
နှစ်တွေအများကြီး သူလုမျန်နဲ့အတူတိုက်ပွဲတွေအများကြီးတိုက်ခဲ့ပီး သေလုနီးပါးအခြေအနေထိလည်းရောက်ခဲ့ဖူးသည်။
လုမျန်အကြောင်းကိုလည်း အခြားသူတွေထက်ပိုသိသည်။
အဲ့ဒါကို အသက်မပြည့်သေးတဲ့သောက်ကလေးတယောက်ကများ သူ့ကိုယှဥ်ချင်နေတယ်၊သူ့နေရာကိုလုချင်နေတယ် ဟုတ်လား...

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now