Chapter-{10}

13K 2.4K 56
                                    

Unicode

အခွင့်အရေးတွေရှိလာမှာပါ


နောက်တနေ့ ညနေပိုင်းရောက်တော့ စုန့်ဟွိုင်ကကိတ်မုန့်လေးကိုင်ပီး လုအိမ်တော်ကိုရောက်လာသည်။
မနေ့ကလုမျန်စကားတွေကြားလိုက်ပီးတော့ စုန့်ဟွိုင်မှာတညလုံးအိပ်မပျော်နိုင်အောင်ကို စိတ်လှုပ်ရှားနေမိသည်။
အာ့နဲ့ညလယ်ခေါင်ကြီးထပီး မီးဖိုချောင်ကိုသွားကာ ကိတ်မုန့်လုပ်တော့သည်။
ဒီတခါတော့ စုန့်ဟွိုင်သကြားပမာဏကိုလျှော့လိုက်သည်။
ကိတ်မုန့်ကို၂ခုလုပ်လိုက်ပီး ၁ခုကိုသူမြည်းကြည့်လိုက်တော့ အချိုဓာတ်ကအနေတော်လေးပင်။

ကိတ်မုန့်လုပ်ပီးတဲ့အချိန် သူ့အိပ်ရာဆီပြန်သွားကာအိပ်လိုက်သည်။
သူအိမ်မယ့်အချိန်မှာတောင် အလင်းရောင်ကကောင်းကင်မှာကြီးစိုးနေပီဖြစ်သည်။
၂နာရီလောက်အိပ်ပီးနောက်မှာတော့ လုမျန်ကိုကိတ်မုန့်ပေးချင်စိတ်ကြောင့် အိပ်ချင်မပြေသေးတဲ့မျက်လုံးတွေကိုပွတ်လိုက်ပီး ခက်ခက်ခဲခဲထကာကုတင်ပေါ်ကဆင်းလိုက်သည်။
ဒီနေ့ စုန့်ဟွိုင်ကအပြာရောင်တီရှပ်လေးကို၀တ်ထားပီး ကလေးလေးပုံစံပေါက်နေသည်။
သူကတံခါးရှေ့မှာကိတ်မုန့်လေးကိုင်ပီး စိုးရိမ်စိတ်တွေနဲ့ရပ်နေသည်။

လုမိသားစုအိမ်ကိုခဏခဏရောက်ဖူးပေမယ့် အရင်ကလုချန်းဇယ်ကိုအကြိမ်များစွာလာတွေ့ဖူးပေမယ့် အခုလိုစိတ်လှုပ်ရှားမှုမျိုးမဖြစ်ခဲ့ဖူးပေ။
စုန့်ဟွိုင်အသက်ပြင်းပြင်းရှူလိုက်ပီး တံခါးဘဲလ်ကိုနှိပ်လိုက်သည်။
ဂျူတီကုတ်အဖြူနဲ့ဆရာ၀န်တယောက်ထွက်လာကာ သူ့အနောက်မှာတော့လုမျန်ရဲ့ကိုယ်ပိုင်အတွင်းရေးမှူးပါလာသည်။

အတွင်းရေးမှူးကဆရာ၀န်ကိုပြန်ပို့ပေးပီးနောက် စုန့်ဟွိုင်ကိုကြည့်လိုက်သည်။
စုန့်ဟွိုင်လက်ထဲကကိတ်မုန့်ကိုမြင်တော့ သူကမသိမသာလေးပြုံးလိုက်ပီး
"သခင်လေးစုန့်က ဗိုလ်ချုပ်ကြီးကိုလာတွေ့တာပါလား"
စုန့်ဟွိုင်ခေါင်းငြိမ့်လိုက်သည်။
အတွင်းရေးမှူးကလမ်းဖယ်လိုက်ပီး
"အထဲ၀င်ပါခင်မျာ သခင်ကြီးလုနဲ့အခြားလူတွေအကုန်ဒီနေ့အပြင်ထွက်သွားကြတယ်၊ဗိုလ်ချုပ်ကြီးတယောက်တည်းပဲ အိမ်မှာကျန်ခဲ့တယ်"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now