Chapter-{15}

12.3K 2.3K 62
                                    

Unicode

အခန်းထဲကိုဘယ်လိုလုပ်ပီး၀င်လာတာလဲ

စုန့်ဟွိုင်ကဟိုဟိုဒီဒီစပ်စုကြည့်တော့ ၃ထပ်ဗီလာကသိပ်မကြီးပေမယ့် လူ၂ယောက်နေဖို့အတွက်ဆိုတော်တော်လေးအဆင်ပြေသည်။
အတွင်းရေးမှူးက
"ဗိုလ်ချုပ်ကတော်ရဲ့အခန်းက ဒုတိယထပ်ရဲ့ဘယ်ဘက်ခြမ်းကဒုတိယမြောက်အခန်းပါ၊ဗိုလ်ချုပ်ကြီးကတော့ မျက်နှာချင်းဆိုင်အခန်းမှာနေပါမယ်"

စုန့်ဟွိုင်ကထိုစကားကိုကြားတော့ တအားပျော်နေပေမယ့် ကိုယ့်အပျော်တွေမမြင်အောင်ပြန်ထိန်းရသေးသည်။
သူကအတွင်းရေးမှူးကို သိမ်မွေ့စွာနဲ့
"အဲ့အခေါ်အ​ေ၀ါ်ကိုကျနော်တို့၂ယောက်တည်းရှိတဲ့အချိန်ကျမှခေါ်ပါ။
ဗိုလ်ချုပ်ကြီးရှေ့မှာတော့ မခေါ်ပါနဲ့နော်၊သူစိတ်ဆိုးသွားမှာကြောက်လို့"
"ကောင်းပါပီ၊ဒါဆို အေးအေးဆေးဆေးအနားယူပါ"
စုန့်ဟွိုင်က သူ့ကိုပေးထားတဲ့အခန်းထဲ၀င်လိုက်သည်။
သူ့အိမ်ကအခန်းလို မိန်းကလေးဆန်မနေဘဲ ကောင်းကင်ပြာရောင်ပြင်ဆင်ထားတော့ ၀င်၀င်ချင်းမှာပဲ ပင်လယ်ကြီးထဲရောက်သွားသလိုခံစားလိုက်ရသည်။
ခန်းဆီးနဲ့အိပ်ရာခင်းတွေကအဖြူရောင်ဖြစ်ပီး ခြင်ထောင်ကကျတော့ မျက်နှာကြက်အပေါ်မှတပ်ဆင်ထားကာ ပန်းပွင့်သေးသေးလေးတွေဒီဇိုင်းပုံစံဖြစ်သည်။
ပြင်ဆင်ထားတာတွေက အရမ်းသေသပ်လွန်းလို့စုန့်ဟွိုင်ပျော်နေမိသည်။

သူရေချိုးခန်းဆီသွားကြည့်တော့ သူ့အိမ်ကရေချိုးခန်းလိုပဲ ရေချိုးဇလုံအကြီးကြီးရှိနေသည်။
လုမျန်ကဒီလိုမျိုး ရေချိုးခန်းအထိသူ့အကြိုက်နဲ့ကိုက်ညီအောင်ပြင်ဆင်ပေးထားလိမ့်မယ်လို့ လုံး၀မထင်ခဲ့ပါ။
စုန့်ဟွိုင်ကပထမဆုံးအနေနဲ့ ထိုအေးတိအေးစက်နေတတ်တဲ့သူရဲ့ဂရုစိုက်မှုတွေ စဥ်းစားချင့်ချိန်နိုင်မှုတွေကိုသတိပြုခံစားမိသည်။
စုန့်ဟွိုင်ကသူ့အထုပ်အပိုးတွေ​ဖြည်ပီး အခန်းထဲမှာနေရာတကျထားလိုက်သည်။
ဟိုတခေါက်လုမျန်နဲပက်ပင်းမိသွားတဲ့၀က်၀ံရပ်အဖြူကြီးကိုတော့ ယူမလာခဲ့ပေ။
သူဗီဒိုကိုဖွင့်လိုက်တော့ ဗီဒိုထဲမှာပန်ဒါရုပ်ကြီးတရုပ်ရှိနေတာမြင်လို့အံ့အားသင့်သွားသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now