Chapter-{12}

13.1K 2.4K 63
                                    

Unicode

ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်တဲ့တုတုလေးလဲ


[အေးစက်ခက်ထန်တဲ့သခင်လေးရန်-မင်းကျောင်းပြန်မတက်ခင်က အဲ့လီမျိုးနွယ်ကမင်းအကြောင်းမေးနေသေးတယ်။
ဒါမယ့်စိတ်မပူနဲ့၊ငါဘာမှပြန်မပြောလိုက်ဘူး။
သူအဲ့လိုမေးတယ်ဆိုပေမယ့် သဘောကောင်းလွန်းလို့တော့မဟုတ်နိုင်ဘူး။
သူပဲမင်းကိုဆေးရုံရောက်အောင်လုပ်လိုက်တာလေ၊သူတခုခုထပ်လုပ်ရင် ငါ့ကိုပြော သိလား]
အဲ့တုန်းကဂူရန် လီဇီချင်းအပေါ်ဘယ်လိုပြုမူလိုက်လဲဆိုတာ စုန့်ဟွိုင်တွေးကြည့်လို့တောင်ရသည်။
သွားပါပီ...

ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါ လီဇီချင်းအတန်းထဲ၀င်လာသည်။
ထိပ်ဆုံးကျောင်းသားဆိုတော့ အခွင့်ထူးခံလူတန်းစားပဲဆိုပါတော့။
ဆရာလျိုကမြင်ပေမယ့် ဘာမှပြောမနေဘဲ
"ကဲ အားလုံး စာမျက်နှာ၂၃ကိုလှန်ပါ"
အရင်ကစုန့်ဟွိုင်သာဆို လီဇီချင်းကိုကျောင်းစည်းကမ်းမလိုက်နာဘူးတို့ ဆရာကိုကပ်ဖားထားတယ်တို့ ပြောပီးရယ်သွမ်းသွေးလေ့ရှိတယ်။
နောက်မှလီဇီချင်းကဘာလို့ကျောင်းခေါင်းလောင်းထိုးပီးမှလာလဲဆိုတာ စုန့်ဟွိုင်သိသွားသည်။
သူကအပြင်မှာစားစရိတ်နေစရိတ်အတွက် ပိုက်ဆံရှာနေသည်ကိုး။

စုန့်ဟွိုင်ပျော်စေဖို့ဂူရန်ကအဲ့အကြောင်းကိုသွားစုံစမ်းလာပီး လီဇီချင်းကိုလှောင်ပြောင်လေ့ရှိတယ်။
ဇာတ်ကြောင်းကိုသိပီးတဲ့စုန့်ဟွိုင်ကတော့ လီဇီချင်းဟာပိုက်ဆံရှာဖို့အချိန်ပိုင်းအလုပ်လုပ်နေတဲ့ကျောင်းသားတယောက်သာသာမဟုတ်ဘူးဆိုတာ သိတယ်။
လီဇီချင်းရဲ့သရုပ်မှန်က တော်၀င်မင်းသားဆိုပေမယ့် ဇာတ်ကြောင်းထဲမှာကဘာလို့သရုပ်မှန်ဖုံးကွယ်ထားလဲဆိုတာ မပါဘူး။
စုန့်ဟွိုင်ကတော့ တော်၀င်မိသားစုထဲမှာပဋိပက္ခလေးတွေဖြစ်နေတယ်လို့ထင်သည်။

ဥပမာ လီဇီချင်းကိုသူ့ညီအကိုတွေကသိပ်ကြည်တာမဟုတ်ဘူး။
သူ့အကိုနဲ့ညီရဲ့သတ်ဖြတ်တာကိုရှောင်ရှားဖို့ ဒီကျောင်းတော်မှာရုပ်ဖျက်ပီးလာနေတာဖြစ်မည်။
တီဗီကလာတဲ့ဒရမ်မာကားတွေကတော့ အဲ့လိုဇာတ်လမ်းတွေပေါတယ်လေ။
အဲ့လိုတွေးလိုက်တော့လည်း စုန့်ဟွိုင်သူ့ကိုစာနာမိသား။
ထိုင်ခုံမှာထိုင်နေတဲ့စုန့်ဟွိုင်ကိုတွေ့လိုက်တော့ လီဇီချင်းမျက်လုံးတွေအရောင်လက်သွားသည်။
သူစုန့်ဟွိုင်ဘေးမှာလည်းထိုင်လိုက်ရော တတန်းလုံးရဲ့အာရုံကသူတို့ဆီပဲရောက်နေကြသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now