Chapter-{21.1}

12.5K 2.1K 79
                                    

Unicode

အတန်းထဲက ဗိုလ်ချုပ်ကြီးလု

စုန့်ဟွိုင်က လုမျန်ဆီမှအမိန့်ဆန်ဆန်စကားသံကိုကြားလိုက်ရတာနဲ့ တစ်ကိုယ်လုံးတောင့်တင်းသွားကာ ကုရန်ကသူ့ကိုလာဆွဲခေါ်သွားသည်။
စုန့်ဟွိုင်ကတော့ ဆွဲခေါ်ခံသွားရပေမယ့် အကြည့်တွေကလုမျန်ဆီမှမခွာနိုင်အောင်ပင်ဖြစ်နေသည်။

ကုရန်ကလည်း
"လခွမ်း ငါ့မျက်လုံးတွေအကြည့်မမှားဘူးဆိုတာသေချာတယ်ဟုတ်၊အဲ့ဒါ ဗိုလ်ချုပ်ကြီးလုမျန်ပဲဟုတ်"
လီီဇီချင်းကတော့ ကုရန်လိုစိတ်လှုပ်ရှားမနေဘဲလုမျန်အားမျက်၀ါးထင်ထင်တွေ့လိုက်ရတာကို သိပ်အံ့သြနေပုံမရပေ။

လီဇီချင်းအကြည့်တွေကစုန့်ဟွိုင်ဆီကိုရောက်သွားပြီး
"စုန့်ဟွိုင် မင်းနဲ့ဗိုလ်ချုပ်ကြီးလုကအရင်ကတည်းက သိနေကြတာလား"
စုန့်ဟွိုင်ကထိုမေးခွန်းကိုကြားတော့ အငိုက်မိသွားပြီးရှက်သွေးဖြာကာ
"အာ....ဟို...အရင်တစ်ခေါက်ညစာစားပွဲအခမ်းအနားမှာတုန်းကဆုံဖူးတာပါ"

"အဲ့လိုလား"
လီဇီချင်းရဲ့စူးစမ်းနေတဲ့အကြည့်က စုန့်ဟွိုင်မျက်နှာအမူအရာကိုအကဲခတ်နေသည်။
ကံကောင်းစွာနဲ့ပဲ စုန့်ဟွိုင်ကရှက်နေတဲ့အမူအရာကလွဲပြီးအခြားခံစားချက်များထွက်ပေါ်နေခြင်းမရှိပေ။

လီဇီချင်းကပြုံးလိုက်ပြီး
"ငါကဒီတိုင်းမေးကြည့်တာပါ၊ဗိုလ်ချုပ်ကြီးလုကကြောက်ဖို့ကောင်းတယ်လို့ကြားပေမယ့် ဒီလိုကူညီတတ်တဲ့သူဆိုတာ မထင်ထားဘူး"

ကုရန်ကလည်းခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ် အားဟွိုင် မင်းအရမ်းကံကောင်းတာပဲကွာ။
မင်းသိလား ဗိုလ်ချုပ်ကြီးလုနဲ့စကားလေးတခွန်းလောက်ပြောခွင့်ရချင်တဲ့ကျောင်းကကောင်တွေရိုက်သတ်လို့တောင်မကုန်ဘူး။
မင်းကတော့ပထမဆုံးနေ့မှာပဲ လုပ်ချလိုက်ပြီဟေ့"

ထိုအခါ စုန့်ဟွိုင်မှ
"တကယ်တော့ သူကငါ့ကိုလည်းစကားမပြောသွားပါဘူးဟ"
ကုရန်ကစိတ်လှုပ်ရှားစွာနဲ့
"သူကမင်းကိုစကားမပြောပေမယ့် မင်းအတွက်ပြောပေးသွားတာလေကွာ။
အဲ့တာတင်မကဘူး ကျောင်းတံဆိပ်ကိုပါကိုယ်တိုင်ပြန်တပ်ပေးသွားသေး။
ဘုရားရေ အဲ့လိုအခွင့်အရေးမျိုး တော်၀င်မိသားစုကမင်းသားတောင်မရဘူးဟ"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now