Chapter-{29.2}

10.6K 2.1K 168
                                    

Unicode

နေ့တိုင်းမပျော်မရွှင်ဖြစ်နေတဲ့ဗိုလ်ချုပ်ကြီး

လုမျန်က ဒီနေ့အစည်းအဝေးတစ်ခုတက်စရာရှိ၍ နန်းတော်ကိုလာခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးကအနီးကပ်မှခေါ်၍ သူလည်းငြင်းခွင့်မရလိုက်ပေ။
အခုက အစည်းအဝေးတဖြတ်နားချိန်ဖြစ်ပြီး မင်းသားတွေ မှူးမတ်တွေကနေ့လည်စာသွားစားနေကြကာ ၁နာရီလောက်နားချိန်ပေးထားသည်။

အင်တာနက်ကိုစိတ်မ၀င်စားတဲ့ဗိုလ်ချုပ်ကြီးတယောက် အခုများတော့တစုံတယောက်ရဲ့ပို့စ်တွေကို အထက်အောက်အပြန်ပြန်အလှန်လှန်၀င်ကြည့်နေတဲ့ဘ၀ရောက်သွားသည်။
စစ်တပ်ထဲမှလုပ်ဖော်ကိုင်ဖက်တွေက စစ်တပ်ဆက်သွယ်ရေးစနစ်တွေသုံးလေ့ရှိကြသည်။
လုမျန်ရဲ့accက သိပ်မသုံးဖြစ်တာကြောင့် သူ့accထဲမှာတောင် မိတ်ဆွေအနဲငယ်သာရှိသည်။

ပြီးတော့ သူ့accထဲရှိတဲ့friတွေထဲ စုန့်ဟွိုင်တယောက်တည်းကသာ ပို့စ်ခဏခဏတင်တတ်သူဖြစ်သည်။
နေ့လည်စာစားချိန်တွင် လုမျန်ကဆက်သွယ်ရေးကိရိယာကိုယူပြီးကြည့်နေရာ စုန့်ဟွိုင်နေ့လည်ဘက်အနားရကြောင်းပို့စ်တင်ထားတာကို တွေ့လိုက်ရသည်။

အင်ပါယာအရှင်က လုမျန်နေ့လည်စာစားနေရင်း ဆက်သွယ်ရေးကိရိယာသုံးနေတာမြင်လိုက်ရပြီး ပိုထူးဆန်းတာက လုမျန်ကအဲ့ဆက်သွယ်ရေးကိရိယာကိုကြည့်ကာ ပြုံးနေခြင်းပင်။

အိမ်း ထူးဆန်းလိုက်တာ....

လုမျန်အခုတလော မျက်နှာသေကြီးနဲ့ဖြစ်နေတာ ဘုရားတောင်သိတယ်...
သူ့လိုအင်ပါယာအရှင်နဲ့စကားပြောနေတာတောင် ရေခဲရိုက်ထားတဲ့မျက်နှာနဲ့လုမျန်ကလေ...
နေ့လည်စာစားပြီးတော့ အင်ပါယာအရှင်ကလုမျန်ကိုစကားပြောချင်ပေမယ့် သူ့ရဲ့ဗိုလ်ချုပ်လည်းဖြစ်ပြီးသူငယ်ချင်းလည်းဖြစ်တဲ့လုမျန်က သူ့ကိုအဖက်တောင်မလုပ်ပေ။

စုန့်ဟွိုင်ကယူနီဖောင်းအပြည့်နဲ့ လုမျန်ကိုကြည့်ပြီးဟတ်ထိသွားကာ စခရင်မှတဆင့်ငမ်းနေရင်း
"ခင်ဗျား ဘယ်ရောက်နေတာလဲဟင်"
လုမျန်က အနားယူရန်အခန်းရှိတဲ့နေရာသွားနေတဲ့ဟောခန်းကော်ရစ်ဒါတွင်ဖြစ်သည်။
လျှောက်လမ်းတွင် ဂျူတီကျနေတဲ့အစောင့်များကိုတွေ့ကာ အစောင့်တွေကအလေးပြုလိုက်ပြီးနောက် ဗီဒီယိုကောလ်ပြောနေတဲ့လုမျန်ကိုကြည့်ကာ အံ့သြနေကြရှာသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now