Chapter-{45.1}

10.3K 1.8K 170
                                    

Unicode

သ၀န်တိုနေကြောင်း၀န်ခံလိုက်တဲ့ ဗိုလ်ချုပ်ကြီး

နောက်တနေ့ကျောင်းသွားတော့ စုန့်ဟွိုင်ကအရင်လိုပဲ ကားကိုလမ်းထောင့်နားမှာရပ်ခိုင်းသည်။
အရင်စီးနေကျကားကပျက်သွား၍ ပြင်ဆိုင်ပို့ထားပြီး အခုစီးလာတဲ့ကားအသစ်မှာ ကားရှေ့ခန်းနဲ့အနောက်ခန်းကြား ကန့်လန့်ကာမပါပေ။

ကားမောင်းနေတဲ့အတွင်းရေးမှူးက နောက်ကြည့်မှန်မှတဆင့် သူ့ဘော့စ်ကိုမသိမသာကြည့်လိုက်တော့ လုမျန်ရဲ့အမူအရာက ခန့်မှန်းမရပေ။
လုမျန်ရဲ့အတွင်းရေးမှူးအဖြစ်နှစ်နဲ့ချီကာ အနီးကပ်တာ၀န်ထမ်းဆောင်နေတဲ့ အယ်လင်ကတော့ လုမျန်ရဲ့စိတ်အခြေအနေသိပ်မဟန်ဘူးလို့သိလိုက်သည်။

ဘာမှမသိတဲ့စုန့်ဟွိုင်ကတော့
"အယ်လင် ကားကိုကျောင်းထဲမောင်းသွားမိတော့မလို့လား"
စုန့်ဟွိုင်ကကားပေါ်မှဆင်းရန် တံခါးဖွင့်ပေမယ့် ဖွင့်လို့မရတော့ အတွင်းရေးမှူးဆီကိုကြောင်အအနဲ့ပြန်ကြည့်လိုက်သည်။

သူ့ဘော့စ်ရဲ့အမိန့်မရမချင်း အတွင်းရေးမှူးကကားတံခါးမဖွင့်ပေးရဲဘဲ ဘော့စ်ရဲ့မျက်နှာကိုသာတုန်တုန်ယင်ယင်နဲ့ကြည့်နေသည်။
ကားထဲမှာ လေထုကအနဲငယ်အေးစက်နေသယောင်...

ထိုအခိုက် လုမျန်ကအတွင်းရေးမှူးကိုမျက်ခုံးပင့်ကာကြည့်လိုက်ပြီး စုန့်ဟွိုင်အတွက်ကားတံခါးဖွင့်ပေးလိုက်သည်။
စုန့်ဟွိုင်ကတော့ ကားပေါ်မှပျော်ရွှင်စွာဆင်းပြီး အတန်းဖော်တွေနဲ့တွေ့ဖို့အပြေးလေးသွားတော့သည်။

"စုန့်ဟွိုင် မင်းအိမ်ကလိုက်ပို့တာလားဟ"

"အင်း ဟုတ်တယ် ဟုတ်တယ်"
စုန့်ဟွိုင်က အနောက်ကိုတုန်ယင်စွာနဲ့လှည့်ကြည့်လိုက်တော့ ကားကရှိနေသေးတာကိုမြင်လိုက်ရသည်။

ကားထဲမှာရှိနေတဲ့သူက လုမျန်ဆိုတာလူတွေမသိအောင် စုန့်ဟွိုင်ကသူ့အတန်းဖော်တွေကိုဆွဲခေါ်သွားသည်။
စုန့်ဟွိုင်ကျောင်းထဲ၀င်သွားတော့ ကားပေါ်မှလုမျန်က ခြေချိတ်ထိုင်လိုက်ပြီး ဖတ်နေတဲ့သတင်းစာကိုပေါင်ပေါ်တင်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now