Chapter-{17}

12.2K 2.3K 24
                                    

Unicode

နှုတ်ဆက်စကားတောင်မပြောဘဲ ထွက်သွားတဲ့ဗိုလ်ချုပ်ကြီး

အတွင်းရေးမှူးက အခန်းတံခါးဖွင့်ကာ၀င်လာတော့ လုမျန်တယောက်ဖိနပ်အပါးတဖက်ကိုင်ပီးငိုင်နေတာတွေ့လိုက်ရသည်။
လုမျန်ကခေါင်းမော့ကာ မျက်မှောင်ကျုံ့ပီးကြည့်လိုက်တော့ အတွင်းရေးမှူးတုန်လှုပ်သွားသည်။

အရေးပေါ်အခြေအနေဟ!!!!!
ဘော့စ်ရဲ့ကြိတ်ပျော်နေတဲ့အခိုက်အတန့်လေးကိုဖျက်ဆီးမိလိုက်ပီ!!!
လုမျန်သူ့မျက်ခုံးကို လက်ချောင်းတွေနဲ့အသာပွတ်လိုက်သည်။
ဒီတခေါက်သူနိုးလာတာ အရင်ကထက်အခြေအနေပိုကောင်းနေတာခံစားလိုက်ရသည်။
အရင်ကဆို အဲ့ဒီသီချင်းသံလေးကြားမှသူ့စိတ်တွေပြန်ငြိမ်တာလေ...
ဒီတခေါက်က ဘယ်လိုဖြစ်သွားပါလိမ့်...
အတွင်းရေးမှူးက လုမျန်ရဲ့အမူအရာကိုလေ့လာလိုက်ပီးမှ
"ဗိုလ်ချုပ်ကြီး အဆင်ပြေရဲ့လား။
မနေ့ညက ဗိုလ်ချုပ်ကတော် အဲ သခင်လေးစုန့်ကဗိုလ်ချုပ်ကြီးကိုပြုစုပေးထားတယ်"
စုန့်ဟွိုင်နာမည်ကိုကြားလိုက်ရတဲ့အချိန် လုမျန်မျက်ခုံးတွန့်လိုက်ကာ မနေ့ညကပြတ်တောင်းပြတ်တောင်းဖြစ်ရပ်တွေကိုပြန်သတိရလာသည်။

မနေ့ညကတစုံတယောက်သူ့အခန်းထဲကို၀င်လာတဲ့အချိန် သူထိုသူကိုတံခါးမှာဆွဲကပ်ထားလိုက်တယ်။
ပီးရင်ခါးတွေကိုပါတင်းတင်းကျပ်ကျပ်ချုပ်ထားပီး လည်ပင်းကနေပခုံးအထိကိုက်လိုက်သေးသည်။
ထိုသူဘယ်လိုပဲငိုယိုပီးလွှတ်ပေးဖို့တောင်းပန်နေပါစေ သူမရပ်ခဲ့ဘူး။
စုန့်ဟွိုင်ဟာ ဒီလိုအခြေအနေမျိုးကြုံပီးနောက်မှာသူ့ကိုသေတဲ့အထိကြောက်လန့်သွားလောက်ပီ။
ထိုအကြောင်းကိုတွေးမိလေ လုမျန်ခေါင်းကပိုကိုက်လာလေဖြစ်သည်။
ထို့နောက် လုမျန်ကသူဘေးကိုပစ်လိုက်တဲ့ယုန်ရုပ်ပါတဲ့ဖိနပ်လေးကိုသာစိုက်ကြည့်နေလေသည်။
.
နောက်ထပ်အဖြစ်အပျက်တခု သူ့ခေါင်းထဲပေါ်လာပြန်သည်။
ထိုယုန်ရုပ်ပါတဲ့ဖိနပ်လေး သူ့လက်ထဲရောက်နေရတဲ့အဓိကအကြောင်းပေါ့။
အဲ့အချိန်တုန်းကလည်း သူကောင်လေးကိုအနိုင်ကျင့်ပီးငိုအောင်လုပ်မိသလိုဖြစ်သွားသည်။
ခေါင်းကိုက်လိုက်တာ....
အတွင်းရေးမှူးကဆက်၍ပုံမှန်လေသံနဲ့
"ဗိုလ်ချုပ်ကြီး သခင်လေးစုန့်ကသူ့ရဲ့ပျောက်နေတဲ့ဖိနပ်လေးတွေကိုကူရှာပေးဖို့ပြောထားတယ်"
လုမျန်မျက်ခုံးပင့်လိုက်သည်။
အတွင်းရေးမှူးက ယုန်ရုပ်ပါတဲ့ဖိနပ်နောက်တဖက်ကို လုမျန်ရဲ့ကုတင်အောက်ကလည်းရှာတွေ့ရော လုမျန်ရုတ်တရက်ထအော်လိုက်သည်။
အမြဲအေးစက်ပီးတည်ငြိမ်နေကျ လုမျန်ရဲ့မျက်နှာမှာအမူအရာပျက်ယွင်းနေသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now