Chapter-{13.1}

12.5K 2.3K 34
                                    

Unicode

သတင်းတွေပျံ့နှံ့နေခြင်း(၁)


"တုတုလေးပြန်လာပီ"
စုန့်ဟွိုင်တယောက်အိမ်တံခါးလည်းအဖွင့် မာမားစုန့်ကသူ့ကိုမျက်လုံးတဖက်မှိတ်ပြသည်။
သူ့အမေကအရင်ဆိုဒီအချိန် မာကျောက်သွားကစားနေတာပါ၊ဘာလို့ဒီနေ့အစောကြီးအိမ်ပြန်ရောက်နေပါလိမ့်...
ပါပါးစုန့်ရဲ့ရှက်ရွံ့ရွံ့အသံကလည်း အိမ်ထဲမှထွက်ပေါ်လာသည်
"တုတုလေး ပြန်ရောက်ပီပဲ"
သူ့ပါပါးနဲ့မာမားရဲ့ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် စုန့်ဟွိုင်ကြောင်အနေသည်။

မာမားစုန့်ကဆက်ပီးမျက်ခုံးပင့်လိုက် မျက်လုံးစုံမှိတ်ပြလိုက် လုပ်နေတော့ စုန့်ဟွိုင်အိမ်ထဲခေါင်းလေးစောင်းကြည့်လိုက်ရာ ဆိုဖာပေါ်မှာထိုင်နေသောအစိမ်းရင့်ရောင်စစ်ယူနီဖောင်းနဲ့သူ ထိုင်နေတာမြင်လိုက်ရသည်။
ထိုအချိန်လုမျန်ကလည်းလှည့်ကြည့်လာတော့ သူတို့၂ယောက်အကြည့်ချင်းဆုံသွားသည်။
စုန့်ဟွိုင်ရှက်သွေးတွေဖြာကာသူ့ဦးနှောက်ကအချက်ပြနေသည်
'လုမျန်ဘယ်လိုလုပ်ဒီရောက်နေတာလဲ'
ဖိုးဖိုးစုန့်ကစုန့်ဟွိုင်အား
"အဲ့မှာဘာရပ်လုပ်နေတာလဲ၊မြန်မြန်လာနှုတ်ဆက်လိုက်လေ"

စုန့်ဟွိုင် လုမျန်ဆီကိုခြေလှမ်းစိပ်စိပ်ဖြင့်​ဖြေးနှေးစွာသွားနေချိန် လုမျန်ရုတ်တ ရက်မတ်တပ်ထရပ်လိုက်သည်။
လုမျန်ကစုန့်ဟွိုင်ထက်ခေါင်းတလုံးစာပိုမြင့်နေပီး စုန့်ဟွိုင်အရပ်ကလုမျန်ရင်ဘတ်နားလောက်သာရှိသည်။
စုန့်ဟွိုင်ရပ်နေတဲ့ရှုထောင့်မှဆိုရင် လုမျန်ပခုံးမှခါးထိလွယ်ထားတဲ့စလွယ်ကိုတွေ့ရသည်။
ထိုစလွယ်တွင်တော့ရှိသမျှဆုတံဆိပ် သတ္တုကြယ်ပွင့်များမြောက်မြားစွာရှိနေသည်။
ပီးတော့ထိုသူရဲ့ဖြောင့်မတ်တဲ့ခါးမှာသားရေခါးပတ်ပတ်ထားပီး ခြေတံရှည်တွေကလည်းဖြောင့်တန်းနေပီး သားရေစစ်ဖိနပ်နဲ့ပနံသင့်လှသည်။

ဒါကစုန့်ဟွိုင်အနေနဲ့လုမျန်ယူနီဖောင်း၀တ်ထားတာပထမဆုံးအကြိမ်တွေ့ရခြင်းပင်။
စစ်ယူနီဖောင်းကြောင့်ထိုသူရဲ့ခန့်ညားမှုပိုမိုတိုးလာကာ ငြင်းရက်စရာမရှိအောင်ပင်ချောမောလှသည်။
စုန့်ဟွိုင်က လုမျန်သူ့နားတလှမ်းတိုးလာလျှင်ပင် အသက်ရှူရပ်မတတ်ခံစားနေ သည်။
စုန့်ဟွိုင်လုမျန်ကိုကြည့်နေတာမည်မျှကြာသွားသည်မသိ၊မာမားစုန့်ကသတိပေးလိုက်သည်
"တုတု နှုတ်ဆက်လိုက်လေ"
စုန့်ဟွိုင်သတိပြန်၀င်လာပီး နူးညံ့တဲ့လေသံလေးနဲ့
"မင်္ဂလာပါ ဗိုလ်ချုပ်ကြီး"
လုမျန်ကခေါင်းအသာငြိမ့်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now