Chapter-{29.1}

11K 2K 118
                                    

Unicode

နေ့တိုင်းမပျော်မရွှင်ဖြစ်နေတဲ့ဗိုလ်ချုပ်ကြီး

စုန့်ဟွိုင်က လုမျန်ရှေ့မှာပဲအကြာကြီးငိုနေမိသည်။
သူအရင်ကတည်းက သန်မာတဲ့သူမဟုတ်တော့အခုလိုလုမျန်ကိုလည်းမြင်ရော သူထိန်းမထားနိုင်တော့ဘဲ မျက်ရည်တွေကကျလာသည်။
မျက်ရည်တွေခမ်းခြောက်မတတ်ငိုလိုက်ပြီးမှ စုန့်ဟွိုင်ကစခရင်ပေါ်မှလုမျန်ရဲ့မျက်နှာပေါ်မှ အမည်မသိအမူအရာကြောင့် သူအမှားလုပ်လိုက်မိမှန်းသိသွားရသည်။

"တောင်းပန်ပါတယ်"
စုန့်ဟွိုင်တဖက်ကိုလှည့်ကာ မျက်ရည်တွေကိုသုတ်နေပေမယ့် အသံကတော့ရှိုက်သံနှောနေဆဲ။

သူ့ရဲ့ပေပွနေတဲ့မျက်နှာကို မရမကသုတ်နေပေမယ့်မျက်ရည်တွေကကျနေကာ မျက်လုံးတွေ နှာခေါင်းတွေ မျက်နှာတခုလုံးနီရဲနေသည်။
စုန့်ဟွိုင်ကလေသံဖျော့ဖျော့လေးနဲ့
"ကျွန်တော်က အသုံးမကျတဲ့သူမဟုတ်ပါဘူး"
လုမျန်က စခရင်မှတဆင့်စုန့်ဟွိုင်ရဲ့ပုံစံလေးကိုကြည့်ပြီး သူရင်နာနေမိသည်။
သူစိတ်ဓာတ်ကျသွားသလိုခံစားနေရပြီး ဘာလို့လဲဆိုတာတော့သူနားမလည်ပေ။

"မင်းကသန်မာပြီးသားပါ"
လုမျန်ကပြောပြီးတာနဲ့ခဏရပ်သွားပြီး တစ်စုံတစ်ခုကိုတွေးမိကာ မျက်မှောင်ကျုံ့နေတာတွေပြေလျော့သွားသည်။
"တကယ်လားဟင်"
စုန့်ဟွိုင်ထင်တာက လုမျန်ကအားနည်းပြီးမထူးချွန်တဲ့သူတွေကိုဆို ကြည့်မရလောက်ဘူးပေါ့။

"အင်း"
လုမျန်ကတည်ငြိမ်စွာပဲ ခေါင်းပါငြိမ့်ပြလိုက်သည်။
"ကောလိပ်ပေါင်းစုံပြိုင်ပွဲက နဂိုကတည်းကအင်ပါယာထဲရှိသမျှအထူးချွန်ဆုံးသူတွေပါ၀င်တဲ့ပွဲပဲ...မင်းက အခြားအရည်အချင်းစစ်ပြိုင်ပွဲအသေးလေးတွေ၀င်မပြိုင်ဖူးဘူးလေ...အခုလိုပြိုင်ပွဲကြီးဆီတန်းပို့ခံလိုက်ရတာဆိုတော့ မင်းအတွက်တော့ခက်ခဲလိမ့်မယ်...ပြီးတော့အရေးကြီးဆုံးက..."

"ဘာများလဲဟင်"
စုန့်ဟွိုင်ကရွှန်းလဲ့နေတဲ့မျက်လုံး၀ိုင်းကြီးတွေနဲ့ကြည့်ကာ မေးလာသည်။

"ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့ စုန့်ဟွိုင်"
လုမျန်က စုန့်ဟွိုင်နာမည်ကိုတိုက်ရိုက်ခေါ်တာရှားသည်။
အဲ့လိုခေါ်လိုက်ရင် စုန့်ဟွိုင်မနေနိုင်ဘဲလေးစားမှုတွေတဖွားဖွားပေါ်လာကာ သေချာဂရုတစိုက်နားထောင်နေတဲ့အနေအထားလို ခါးကိုမတ်လိုက်သည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now