Chapter-{26.2}

11.1K 2.1K 151
                                    

Unicode

အရမ်းအိပ်လို့ကောင်းတာပဲ

နောက်တနေ့ ကျောင်းသွားရန်ကားထဲမှာတော့ အတွင်းရေးမှူးက လေထုထဲမှရှက်ရွံ့မှုအငွေ့အသက်တွေကိုခံစားမိနေသည်။
လုမျန်ကပုံမှန်လိုပဲ စစ်တပ်ထုတ်သတင်းစာကိုဖတ်နေပြီး စုန့်ဟွိုင်ကတော့ကားပြတင်းပေါက်နားကပ်ကာတိတ်တိတ်လေးထိုင်နေသည်။
ဒီနေ့စုန့်ဟွိုင်တယောက် အတွင်းရေးမှူးကိုတောင်မနှုတ်ဆက်ရသေးပေ။

စုန့်ဟွိုင်က ကားပြတင်းပေါက်နဲ့ကပ်နိုင်သမျှကပ်နေပြီး လုမျန်ဘက်ကိုယောင်လို့တောင်မတိုးရဲပေ။
ဒီနေ့မနက်အိပ်ရာထတော့ သူ့မျက်နှာတခုလုံးထူပူနေပြီး ရေအေးအေးလေးလောင်းချတာတောင်မှ အပူမငြိမ်းနိုင်ပေ။
သူတကယ်ကြီး လုမျန်လက်မောင်းပေါ်မှာအိပ်မိသွားတယ်တဲ့လေ...
အဲ့ဒါကိုပြန်တွေးမိတော့ စုန့်ဟွိုင်တယောက်ရင်ထဲကမ္ဘာပျက်နေသည်။
 
ဒီမနက်နိုးလာကတည်းက လုမျန်ရဲ့အမူအရာတွေကို စုန့်ဟွိုင်ခိုးခိုးကြည့်နေမိသည်။
သူကြည့်နေရင်း တဖက်လူကလည်းသူ့ကိုပြန်ကြည့်လာတော့အကြည့်ချင်းဆုံသွားကာ လုမျန်ကပဲမျက်နှာလွှဲသွားသည်။
သူတို့ကျောင်းနားရောက်ခါနီးတော့ စုန့်ဟွိုင်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး
"ဒီမနက်ကကိစ္စ ကျွန်တော်မရည်ရွယ်ပါဘူး။
ကျွန်တော်ပုံမှန်ဆို အအိပ်မဆော့ပါဘူးဗျ၊ဒီနေ့မှဘယ်လိုကဘယ်လိုဖြစ်သွားမှန်း မသိဘူး"

"အင်း"
လုမျန်ကလျင်မြန်စွာပြန်ဖြေလိုက်သည်။
သူ့အမူအရာက အနဲငယ်တောင့်တင်းနေကာ ပြန်ဖြေချိန်တွင် စုန့်ဟွိုင်မျက်နှာကိုပင်ကြည့်မနေချေ။

သူစိတ်ဆိုးနေတာလား....
စုန့်ဟွိုင်ငိုချင်စိတ်ပင်ပေါက်လာသည်။
 ·

စက်မှုဘာသာရပ်အတန်းချိန်၌
ပထမဆုံးအကြိမ်အနေနဲ့ လုမျန်က မေးခွန်းတွေထဖြေရန် စုန့်ဟွိုင်နာမည်ကိုမခေါ်ပေ။
အတန်းချိန်အတွင်း လုမျန်ကစုန့်ဟွိုင်နဲ့တချက်တချက်အကြည့်ချင်းဆုံသွားမိရင် မျက်နှာပြန်ပြန်လွှဲသွားတတ်တာကြောင့် စုန့်ဟွိုင်မပျော်နိုင်ဖြစ်နေသည်။
လုမျန်က ကျိန်းသေပေါက်ကို စိတ်ဆိုးနေတာဖြစ်ရမယ်...
အဲ လုမျန်က သူတမင်လုပ်တယ်ဆိုပြီး ထင်သွားတာများလား....

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now