Chapter-{36}

11.3K 2K 106
                                    

Unicode

ဥပေက္ခာပြုခံနေရတဲ့ ဗိုလ်ချုပ်ကြီး

နောက်တစ်နေ့ကျောင်းသွားတော့ ကားထဲမှာဘာအသံမှမထွက်ဘဲ တိတ်ဆိတ်နေသည်။
အတွင်းရေးမှူးကစပ်စုချင်နေပေမယ့် ကားထဲတွင်ကန့်လန့်ကာတပ်ထားတာမို့ဘာမှမမြင်ရဘဲ အသံတွေကြားရအောင်သာ နားစွင့်နေလိုက်သည်။
ကားနောက်ခန်းမှဗိုလ်ချုပ်ကြီးခမျာလည်း အတွင်းရေးမှူးနဲ့ထူးမခြားနားပင်။
 
လုမျန်က ပုံမှန်နေ့တွေလိုပဲကားပြတင်းပေါက်နားမှာကပ်ထိုင်ကာ စစ်တပ်ထုတ်သတင်းစာဖတ်နေသည်။
အရင်နေ့တွေကဆိုရင် ကောင်လေးသူ့အနားကိုမရမကတိုးကပ်လာမည်ဖြစ်သော်လည်း ယခုတော့ဒီမနက် မနက်စာစားချိန်ကတည်းက ကောင်လေးသူ့ကိုလျစ်လျူရှုနေသည်လေ။
သူနမ်းလိုက်တာတောင် ကောင်လေးကရှောင်ဖယ်သွားခဲ့သည်။
အခု ကောင်လေးကသူ့ကိုကျောပေးထိုင်ကာ ကားပြတင်းပေါက်ဘက်ကိုလှည့်နေပြီး သူ့ကိုလည်းအဖက်မလုပ်ပေ။
 
ဗိုလ်ချုပ်ကြီးခမျာ သတင်းစာကိုတောင်အာရုံမစိုက်နိုင်တော့ဘဲ စုန့်ဟွိုင်ကိုသာတကြည့်ကြည့်လုပ်နေသည်။
ကားပြတင်းပေါက်ဘက်လှည့်ထိုင်နေတဲ့စုန့်ဟွိုင်ကလည်း စိုးရိမ်နေသလိုဒေါသလည်းနဲနဲထွက်နေသည်။
သူမနေ့ကအဲ့လောက်လုပ်ပြနေတာတောင် လုမျန်ကသူ့ကိုလက်ဖျားနဲ့တောင်မထိပေ။

အဲ့ဒါက လုမျန်သူ့ကိုတာ၀န်မယူချင်လို့လား...ဒါမှမဟုတ် တကယ်ကြီးပန်းသေနေတာများလား....
 
ပထမကသူဒေါသတွေထွက်နေပြီးမှ အချိန်ခဏကြာတော့သူ၀မ်းနည်းလာသည်။
စုန့်ဟွိုင်က ကားပြတင်းပေါက်ကိုမှီကာသက်ပြင်းအရှည်ကြီးချလိုက်သည်။
ကောင်လေးရဲ့သက်ပြင်းချသံကြောင့် လုမျန်နှလုံးသားတွေတင်းကျပ်သွားသည်။
လုမျန်သတင်းစာကိုချလိုက်ပြီး ကားရပ်တဲ့အချိန်ကျရင်တစ်ခုခုပြောဖို့ပြင်လိုက်သည်။
စုန့်ဟွိုင်ကတုန်လှုပ်ကာ ကားပေါ်မှအမြန်ဆင်းပြီးမျက်စိတမှိတ်အတွင်းမမြင်ရအောင်ကို ပြေးသွားတော့လုမျန်ရင်ထဲလစ်ဟာသွားသည်။
 
·

[ဖေးရန်-ဗိုလ်ချုပ်ကြီး ဒီနေ့မနက်စာစားပြီးကြောင်း အမူအရာခွဲခြမ်းစိတ်ဖြာပေးမယ့်ပညာရှင်တစ်ယောက်အလိုရှိနေပါတယ်]

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now