Chapter-{42}

11.5K 2K 244
                                    

Unicode

တစ်ခုခုသုံးပြီး တုတုကိုကိုက်လေ

စုန့်ဟွိုင် အပေါ်ထပ်မှဆင်းလာတော့ လှေကားအောက်မှာရပ်ပြီးသူ့ကိုကြည့်နေတဲ့လုမျန်အားတွေ့လိုက်ရသည်။
ထိုသူရဲ့လေးလေးနက်နက်စိုက်ကြည့်နေတဲ့ပုံစံကြောင့် စုန့်ဟွိုင်ရင်တွေတဒုတ်ဒုတ်ခုန်လာသည်။

စုန့်ဟွိုင် ဆင်းလာရင်းလှေကားရဲ့အောက်ဆုံးအထစ်မှာရပ်လိုက်တာကြောင့် ကြမ်းပြင်ပေါ်မှာရပ်နေတဲ့လုမျန်နဲ့ အရပ်ချင်းမတိမ်းမယိမ်းဖြစ်သွားသည်။
အခု သူတို့အနားမှာဘယ်သူမှရှိမနေဘဲ သူတို့၂ဦးတည်းသာရှိနေသည်။
စုန့်ဟွိုင်က လက်ဆန့်ထုတ်ကာ လုမျန်ရဲ့လည်တိုင်ကိုဖက်လိုက်ပြီး အခြားလူတွေမြင်မှာစိုးတဲ့ပုံစံလေးနဲ့ ဘေးဘီကိုလှည့်ကြည့်လိုက်သေးသည်။

စုန့်ဟွိုင်ဆံပင်အနဲငယ်ပွယောင်းနေတာကိုမြင်တော့ လုမျန်ကလက်ဆန့်ပြီး ကောင်လေးဆံပင်ကိုအနဲငယ်ဖိချပေးလိုက်သည်။
စုန့်ဟွိုင်ကတော့ လုမျန်ကိုကြည့်နေရင်း ထိုလူကြောင့်သူရှက်သွေးဖြာပြီး ရင်တွေခုန်လာသည်။

ထို့နောက် သူ့နှုတ်ခမ်းသူကိုက်လိုက်ပြီး
"ကျွန်တော့်မားကို ဘာတွေပြောလိုက်သေးလဲ"
လုမျန်ရဲ့အမူအရာက အနဲငယ်တုန်လှုပ်သွားပုံရတော့ စုန့်ဟွိုင်ကနှုတ်ခမ်းစူပြီး
"ကျွန်တော့်ကိုကျမပြောဘဲ မားကိုကျတော့ပြောပြတယ်...ကျွန်တော့်ကိုကျ ဘာလို့မပြောတာလဲလို့"

ထိုအချိန် လှေကားထောင့်ချိုးနံရံအနောက်မှခေါင်း၆လုံးပြူတစ်ပြူတစ်လုပ်နေတာကို စုန့်ဟွိုင်တို့မသိပေ။

"တုတုကောက ဘာလုပ်နေတာလဲ"

"မွချိမွချိတွေ လုပ်နေတာလား"

"အဲ့လိုမဟုတ်ဘူး...ဘယ်လိုပြောရမလဲ...ပါးစပ်ကိုစုပ်နေတာမျိုး"

"ဟိုမှာ ဟိုမှာ သူတို့စစုပ်နေကြပြီ"

စုန့်မိသားစုရဲ့ကလေးတစ်သိုက် ကြိတ်ချောင်းနေကြချိန် လျိုရှောင်မုန့်ရောက်လာပြီး
"ဟိုကလေးတွေ ဒီမှာဘာလုပ်နေကြတာလဲ"
လျိုရှောင်မုန့်က ထိုကလေးတွေကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ ချစ်ကြည်နူးတစ်တီတူးမြင်ကွင်းကိုမြင်သွားကာ စုန့်ဟွိုင်ကလည်းအသံကြားလိုက်၍ သူတို့ဘက်ကိုလှည့်ကြည့်လာသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now