Chapter-{25.2}

11.3K 2.1K 102
                                    

Unicode

တံခါးနောက်မှဗိုလ်ချုပ်ကြီး

သူ့စာမေးပွဲရလဒ်ကိုတွေ့တွေ့ချင်းမှာပဲ စုန့်ဟွိုင်တယောက်ရှော့ရသွားပြီး အကြာကြီးမှင်သက်နေမိသည်။
ထို့နောက် သူ့ကိုသံသယတွေ မနာလိုမှုတွေနဲ့ကြည့်နေတဲ့လူအုပ်ကြားထဲမှပြေးထွက်ကာ လုမျန်ကိုထိုသတင်းကောင်းလေးသွားပြောပြချင်မိသည်။
ဒါပေမယ့် လူအုပ်ထဲမှထွက်လာတာမကြာသေးခင်မှာပဲ စုန့်ဟွိုင်ကိုတယောက်ယောက်အော်ခေါ်လိုက်သည်။

အော်ခေါ်လိုက်သူက သူတို့အတန်းခေါင်းဆောင်ပင်။
အတန်းခေါင်းဆောင်က ဒေါသတကြီးလေသံနဲ့
"စုန့်ဟွိုင် ဆရာနျိုမင်းကိုခေါ်နေတယ်"
စုန့်ဟွိုင်ရုံးခန်းတံခါး၀ကိုရောက်တော့ အထဲမှပြောဆိုနေသံတွေကိုကြားလိုက်ရသည်။

"အဲ့စုန့်ဟွိုင်က တော်တော်သတ္တိကောင်းတာပဲ၊ခိုးချပြီးပထမတောင်ရလိုက်သေး။
အဲ့ဟာကိုသာသေချာမဖြေရှင်းနိုင်ရင် တကယ်ကြိုးစားထားတဲ့ကျောင်းသားတွေကို ကျုပ်မျက်နှာဘယ်လိုပြရတော့မလဲ"

ဆရာနျိုက စုန့်ဟွိုင်ဘက်ကကာကွယ်ပေးတဲ့လေသံနဲ့
"ဒါရိုက်တာ စုန့်ဟွိုင်ကအတော်လေးဉာဏ်ကောင်းတဲ့ကလေးပါ၊သူက ဘာသာရပ်အချို့မှာဆိုရင် ပိုတောင်ထူးချွန်သေးတယ်။
အဖြစ်မှန်ကိုမသိသေးခင် မစွပ်စွဲပါနဲ့၊အရင်ဆုံး ကလေးကိုခေါ်ပြီးသေချာမေးမြန်းကြမယ်လေ"

စုန့်ဟွိုင်က ခေါင်းငုံ့သွားပြီးစိတ်ထဲမှာမပျော်မရွှင်ဖြစ်သွားပေမယ့် ရုံးခန်းတံခါးကိုတော့ညင်ညင်သာသာခေါက်လိုက်သည်။
 
"၀င်ခဲ့ပါ"
စုန့်ဟွိုင်ရုံးခန်းထဲကိုလည်း၀င်လာရော အခန်းထဲမှဆရာ ဆရာမများကအမူအရာမျိုးစုံနဲ့သူ့ကို၀ိုင်းကြည့်လာကြသည်။
စုန့်ဟွိုင်ကတော့ ရိုရိုသေသေနဲ့ပဲဆရာနျိုနားကိုလျှောက်သွားလိုက်သည်။
သူက ဒါရိုက်တာပြောမယ့်စကားကိုတောင်မစောင့်ဘဲ ကြိုပြောထားလိုက်သည်။
"ဆရာ ကျွန်တော်စာမခိုးချပါဘူး"

အဲ့စကားကိုကြားတော့ ဒါရိုက်တာကနှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ထဲမှလက်ဖက်ရည်ခွက်ကိုစားပွဲပေါ်ချလိုက်သည်။
"စုန့်ဟွိုင် မင်းအရင်လက အဆင့်၃၂၃နော်၊အခုမှ ပထမတွေတက်ရနေတာက မင်းဦးနှောက်အလင်း၀င်သွားလို့လား ဒါမှမဟုတ် ဘုရားသခင်ကောင်းချီးပေးလိုက်လို့လားဟမ်"
ဒါရိုက်တာက ဘယ်လိုပဲပုတ်ခတ်ပြောဆိုနေပါစေ စုန့်ဟွိုင်တယောက် နဲနဲလေးတောင်မတွန့်သွားပေ။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now