Chapter-{46}

11.2K 1.9K 218
                                    

Unicode

နမ်းနေတုန်းလူမိသွားတဲ့ဗိုလ်ချုပ်ကြီး

မျက်စိတမှိတ်အတွင်းမှာ ၂ရက်ကုန်ဆုံးသွားပြီဖြစ်သည်။
စုန့်ဟွိုင်ရဲ့မွေးနေ့တွင် စုန့်မိသားစုမှဆွေမျိုးများနဲ့ စုန့်ဟွိုင်ရဲ့သူငယ်ချင်းတွေအကုန် မွေးနေ့ပွဲကိုရောက်လာကြသည်။

စုန့်ဟွိုင်ကတော့ မွေးနေ့မတိုင်ခင် တစ်ရက်အလိုကတည်းက စုန့်အိမ်တော်မှာပြန်လာနေကာ ၆ယောက်မြောက်အဒေါ်ဖြစ်သူက စုန့်ဟွိုင်၀တ်ဖို့အ၀တ်အစားတွေချုပ်လုပ်ပြင်ဆင်ပေးသည်။
၀တ်စုံက အရည်အသွေးမြင့်ပိတ်စဖြင့်ပြုလုပ်ထားပြီး ချုပ်ရိုးချုပ်ပုံကအစ အသေးစိတ်သေသေချာချာကိုချုပ်လုပ်ထားသည်။

ခါးနေရာမှ အင်္ကျီအနားစတွင် တန်ဖိုးကြီးကျောက်သေးသေးလေးတွေစီရီထားကာ စုန့်ဟွိုင်ခြေထောက်ကိုရှည်သွယ်စေရန် ဘောင်းဘီကိုလည်းကိုယ်တိုင်းနဲ့ကွက်တိချုပ်ပေးထားသည်။
စုန့်ဟွိုင်ရဲ့အနဲငယ်ကောက်ကွေးတဲ့ဆံပင်လေးတွေက နူးညံ့ပြီးပွတ်သပ်ချင်စရာကောင်းလှသည်။

လက်ဖ၀ါးသာသာလောက်သာရှိတဲ့ စုန့်ဟွိုင်မျက်နှာသေးသေးလေးက ပိုပြီးကလေးဆန်သွားပုံပေါ်သည်။
မာမားစုန့်က စုန့်ဟွိုင်ကိုလှည့်ပတ်ကြည့်လိုက်ပြီး
"မားရဲ့တုတုလေးက မျက်စိတမှိတ်အတွင်း ဒီအရွယ်တောင်ရောက်လာပြီပဲ"

စုန့်ဟွိုင်က မာမားစုန့်လည်ပင်းကိုဖက်ပြီး ကပ်ချွဲနေတဲ့လေသံလေးနဲ့
"သားဘယ်အရွယ်ပဲရောက်ရောက် သားက မားရဲ့ဘေဘီပေါက်စလေးပဲ"

ထိုအချိန်ပါပါးစုန့်က စုန့်ဟွိုင်အား
"ဘာ ဘေဘီပေါက်စလဲ...အိမ်ကိုပြန်လာတာ ၁ညပဲရှိသေးတယ်...ဗီလာမှာကျန်ခဲ့တဲ့လုမျန်ကိုအရမ်းတွေစိုးရိမ်နေတာ ဘယ်သူလဲ...ဒီအချိန်ဆို လုမျန်ဘာလုပ်နေလဲ မသိဘူးတို့...လုမျန်က ငါ့ကိုလွမ်းနေပါ့မလားတို့...."

စုန့်ဟွိုင်က သူ့မိဘတွေကိုရှက်ရွံ့စွာနဲ့ကြည့်လိုက်သည်။
လုမျန်နဲ့စုန့်ဟွိုင်က ဆယ်စတာဗန်ဂြိုဟ်မှပြန်လာကတည်းက အခုထိတခါမှမခွဲခွာဖူးပေ။
စုန့်ဟွိုင်အနေနဲ့ တစ်ညလေးပဲခွဲရတာတောင် တကမ္ဘာလောက်ကြာမြင့်နေပြီလို့ခံစားနေရသည်။
တကယ်တော့သူ့မွေးနေ့ပွဲကို စုန့်မိသားစုတွေတင်မကဘဲ လုမိသားစုကိုပါဖိတ်ထားသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now