Chapter-{24.1}

12.6K 2.2K 63
                                    

Unicode

ရေသူလေးတုတုရဲ့အမြီးလှလှလေး

*၂ရက်ကြာပြီးနောက်*

အတန်းထဲတွင် ဆရာက
"စုန့်ဟွိုင် ဒီ၅ခုမြောက်yတန်ဖိုးလေးတချက်လောက်ပြောပြပါဦး"
စုန့်ဟွိုင်ကလီဇီချင်းဆီကိုအကူအညီတောင်းတဲ့အကြည့်နဲ့လှမ်းကြည့်လိုက်သည်။
လီဇီချင်းကလည်း အဖြေကိုခပ်သွက်သွက်ရေးချပြီးစုန့်ဟွိုင်ကိုတိတ်တိတ်လေးပြောပြသည်။
"အဲ့ဒါ ၅ခုမြောက်yတန်ဖိုးပဲ"

ဆရာက စုန့်ဟွိုင်ကို
"မင်းအတန်းချိန်စကတည်းက ပြုံးနေတာကိုတွေ့တယ်၊ဘာတွေအဲ့လောက်ပြုံးနေတာလဲ။
ကိုယ့်အတန်းဖော်တွေကိုရော မဝေမျှချင်ဘူးလား"
အတန်းဖော်တွေအကုန်၀ိုင်းရယ်ကြသည်။
စုန့်ဟွိုင်ရှက်ရွံ့စွာနဲ့ရပ်နေတာမြင်တော့ ဆရာကဆက်စမနေတော့ပေ။

"အတန်းထဲမှာစာသေချာလိုက်နားထောင်၊ကြားလား။ထိုင်တော့"
အတန်းထဲမှာအုပ်စုဖွဲ့ဆွေးနွေးချိန်ရောက်တော့ လီဇီချင်းကစုန့်ဟွိုင်ဆီလှည့်ကာ
"မင်းဘာတွေအဲ့လောက်ပြုံးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး"
လီဇီချင်းက
"မင်းဒီနေ့တနေ့လုံး စာသင်ခန်းထဲမှာပြုံးဖြီးလို့"
စုန့်ဟွိုင်ကသူ့အိတ်ထဲမှမှန်သေးသေးလေးထုတ်ကာ သူ့မျက်နှာသူကြည့်လိုက်သည်။
အဲ့လောက်သိသာနေလို့လားဟ..
ဒါပေမယ့် လုမျန်ကသူ့ကိုစာကူလုပ်ပေးမယ်ဆိုတဲ့စကားကိုပြန်တွေးမိတိုင်း သူ့နှလုံးသားကထိန်းမရအောင်ပျော်မြူးနေသည်။

နှုတ်ခမ်းနီနီလေးနဲ့ဖြူဖွေးနေတဲ့သွားများပိုင်ရှင်ကောင်လေးက မှန်ကိုလေးလေးနက်နက်ကြည့်နေသည်။
ဘေးဘက်ရှုထောင့်မှကြည့်ရင် ကောင်လေးရဲ့ပါးဖောင်းလေးတွေကဆွဲညစ်ချင်စရာ.....
အတွေးနဲ့အတူ လီဇီချင်းကစုန့်ဟွိုင်ရဲ့ပါးကိုဘောပင်နဲ့ပါးချိုင့်လေးပေါ်အောင်ဖိလိုက်သည်။
မသိရင်ဂျယ်လီတုံးလေးကိုဖိနှိပ်သလိုခံစားချက်မျိုး...

စုန့်ဟွိုင်ကလီဇီချင်းဘက်ကိုလှည့်ကာ ဘောပင်ကိုဆုပ်လိုက်ပြီး
"မင်းဘာလုပ်တာလဲ"
ထို့နောက်သူ့ပါးကိုသူအုပ်လိုက်ကာ
"ငါ့မျက်နှာကိုအဲ့လိုမလုပ်နဲ့"
အဲ့လိုချစ်ဖို့ကောင်းတဲ့အမူအရာလေးကြောင့် လီဇီချင်းပျော်မြူးသွားသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now