Unicode
တံခါးနောက်မှ ဗိုလ်ချုပ်ကြီး
အ၀တ်လဲခန်းတွင်တော့ မျက်နှာကျက်မှမီးအလင်းရောင်ဖြာကျနေကာ နှင်းလိုဖြူဖွေးအုနေတဲ့နောက်ကျောပြင်လေးကိုမြင်လိုက်ရတဲ့ခဏမှာ လုမျန်ရဲ့မျက်၀န်းတွေမတည်မငြိမ်ဖြစ်သွားသည်။
စုန့်ဟွိုင်ကကြမ်းပြင်ပေါ်တွင်အပေါ်တပိုင်း ကိုယ်ဗလာနဲ့ထိုင်နေပြီး ခါးအောက်ပိုင်းကိုတော့လဲနေတဲ့ခုံတန်းရှည်နဲ့ကွယ်ထားသည်။
မီးအလင်းရောင်က စုန့်ဟွိုင်ရဲ့အသားအရေပေါ်မီးမှောင်းထိုးပြထားသလို ကောင်လေးရဲ့ကိုယ်တပိုင်းကနူးညံ့ချောမွတ်နေသည်။
တံခါးဖွင့်သံကြား၍ စုန့်ဟွိုင်ရုတ်တရက်မော့ကြည့်လိုက်ရာ သူ့ရဲ့အသားအရေကပန်းရောင်သန်းနေပြီး မျက်လုံး၀ိုင်း၀ိုင်းလေးတွေကလည်း ကြယ်လေးတွေလိုတောက်ပနေကာ မျက်၀န်းထောင့်လေးတွေတောင်ရဲနေသည်။လုမျန်ရဲ့လည်ချောင်းတွေကခြောက်သွေ့လာပြီး ကောင်လေးသူ့ကိုကြည့်လာတဲ့အချိန်မှ အားတင်းကာအကြည့်လွှဲလိုက်သည်။
"အာ ဆောရီး"
ဒါက လုမျန်နှစ်ပေါင်း၃၀အတွင်း ပထမအကြိမ်အနေနဲ့နေရခက်နေခြင်းပင်။
အင်ပါယာရဲ့ဗိုလ်ချုပ်ကြီးမှာ တဖက်ကိုလှည့်လိုက်ပြီးတံခါး၀ကို သူ့ခန္ဓာကိုယ်ကြီးနဲ့ပိတ်ထားလိုက်သည်။
အပြင်လူတွေ အခန်းထဲမမြင်ရအောင်ကြိုးကြိုးစားစားကာနေခြင်းပင်။ထို့နောက် လုမျန်ကခေါင်းအနဲငယ်ပြန်လှည့်လိုက်ပေမယ့် စုန့်ဟွိုင်ကိုမကြည့်ဘဲ တံခါးဘောင်ကိုပဲကြည့်ကာ
"ကိုယ်တခုခုကူညီပေးရမလား"
စုန့်ဟွိုင်မျက်နှာက နီရဲသွားပြီး
"ဟင့် ဟင့်အင်း မလိုပါဘူး"
လုမျန်ကမသိစိတ်ကြောင့်လှည့်ကြည့်လိုက်ချင်ပေမယ့် ပြန်လည်ထိန်းချုပ်လိုက်ပြီးတည်ငြိမ်စွာပဲ
"ကိုယ်အပြင်မှာစောင့်နေမယ်၊တခုခုလိုရင်လှမ်းခေါ်လိုက်နော်...ကိုယ်ရှိနေမယ်""ဟုတ်ကဲ့"
စုန့်ဟွိုင်မှာဘောလုံးတလုံးလိုသာကွေးနေလိုက်ချင်သည်။
လုမျန်ကအပြင်ထွက်သွားပြီး တံခါးကိုပြန်ပိတ်ပေးလိုက်သည်။
ထိုအခါမှစုန့်ဟွိုင်တယောက်သက်ပြင်းခိုးချလိုက်သည်။
YOU ARE READING
ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]
FantasyThis is not my own story. It is my second translation work. All Credits to original author. Associated name-你想摸一下我的魚尾巴嗎 Type-Web novel Author-系辭上 Status in COO-Completed{47 chapters} Original Publisher-jjwxc Start date-20.8.2021 End date-8.11.2022