Chapter-{8}

12.8K 2.3K 32
                                    

Unicode

မင်းမှားနေပီ


"စုန့်ဟွိုင် ဒီမှာ"
အားလပ်ရက်တွေဆို ဂူရန်နဲ့စုန့်ဟွိုင်ကအပြင်ထွက်လည်လေ့ရှိတယ်။
စုန့်ဟွိုင်ဘတ်စကက်ဘောကြောင့်ခေါင်းထိမိပီး ဆေးရုံတက်တုန်းက ဂူရန်တခေါက်ပဲသွားတွေ့ရသေးကာ သူတို့၂ယောက်မတွေ့ဖြစ်တာအတော်ကိုကြာနေပီဖြစ်သည်။
အခုပြန်တွေ့တော့ ဂူရန်ကစုန့်ဟွိုင်ကိုအားရပါးရဖက်ထားလေသည်။

ဂူရန်ကစုန့်ဟွိုင်နဲ့ငယ်ငယ်လေးကတည်းကသူငယ်ချင်းဖြစ်ပီး အတော်လည်းရင်းနှီးကြတယ်။
ယုတ်စွအဆုံး အင်္ကျီတထည်ကိုတောင်တလှည့်စီ၀တ်နိုင်တဲ့အထိခင်ကြသည်။
ကျောင်းပိတ်ရက်တွေကလွဲပီး ဒီလိုမျိုးအကြာရီးမတွေ့ရတာမျိုးမရှိခဲ့ပေ။
"ကြည့်ရအောင် သားသားလေးပိန်သွားသလားလို့"

စုန့်ဟွိုင်-  ಠ_ಠ

ဂူရန်ကရိုက်သတ်ချင်စရာကောင်းပီး ပေါက်ကရပြောတတ်တဲ့အကျင့်လေးရှိပေမယ့် သူငယ်ချင်းတွေအတွက်ဆိုအရေးကြုံလာရင်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးမယ့်သူမျိုးဖြစ်တယ်။
စုန့်ဟွိုင်ကြောင့် ဂူရန်ကလီဇီချင်းကိုဆန့်ကျင်တာတွေရှိခဲ့တယ်။
ဂူရန်ကတက်ကြွတဲ့လူငယ်လေးဖြစ်ပေမယ့် သူကအခြားသူတွေကိုကျီစားရတာကြိုက်တဲ့သူမျိုး။
စုန့်ဟွိုင်သေဆုံးပီးနောက်မှာ သူ့ရဲ့အဆုံးသတ်ကလည်းမလှခဲ့ပေ။

စုန့်ဟွိုင်ကသူ့ရှေ့ကသူငယ်ချင်းကောင်းကြီးကိုကြည့်ပီး ၀မ်းနည်းလာလေသည်။
ဂူရန်လက်ကစုန့်ဟွိုင်မျက်နှာရှေ့​ေ၀ှ့ယမ်းလိုက်ပီး
"ဘတ်စကက်ဘောလေးထိမိရုံနဲ့တော့ တကယ်ရီးဦးနှောက်ပျက်သွားတာမဟုတ်ပါဘူးနော်"
စုန့်ဟွိုင်ကလည်း
"ငါဘယ်လောက်တုံးတုံး သင်္ချာအစမ်းစာမေးပွဲမှာ ၇မှတ်တည်းရတဲ့သူလောက်တော့မဆိုးပါဘူးနော်"

Choice၁မျိုးရွေးရာမှာ နံကြားထောက်ဖြေရင်တောင် ၇မှတ်ထက်တော့ပိုလိမ့်မယ် သိလား။
ဂူရန်ကပျော်သွားတဲ့ပုံနဲ့
"အိုးဟိုး မင်းအရင်လိုပဲအပေါက်ဆိုးဆိုးပြောနိုင်သေးတယ်ဆိုတော့ အားဟွိုင်ရေ မင်းအဆင်ပြေသေးတယ်"
စုန့်ဟွိုင်ပြန်ပြောဖို့လုပ်လိုက်ပေမယ့် မျက်လုံးသာလှိမ့်လိုက်သည်။
"ဒီနေ့ဘာလို့လျှောက်လည်ချင်ရတာလဲ။
မင်းကျောင်းမလာတာလည်း လ၀က်တောင်ရှိနေပီ။
အခြားလူတွေဆိုမင်းကျောင်းနားထားတယ်တောင်ထင်နေကြတာ"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now