Chapter-{44}

12K 1.9K 317
                                    

Unicode

နောက်တစ်ကြိမ် အသဲကွဲသွားပြန်တဲ့ဗိုလ်ချုပ်ကြီး

မူးနေတဲ့ရေသူလေးကတော့ သူ့စကားတွေကဘယ်လောက်အန္တရာ
ယ်များမှန်း သေချာမတွေးမိပေ။
လုမျန်ကဘာမှပြန်မဖြေတော့ ရှက်နေတယ်လို့ပဲ စုန့်ဟွိုင်ထင်လိုက်မိသည်။

"ဟိုလေ တကယ်တော့ခင်ဗျား သိပ်ရှက်စရာမလိုပါဘူး...ခင်ဗျားတို့စစ်သားတွေမှာ ထိခိုက်ဒဏ်ရာတွေဘာတွေရလို့ နေမကောင်းဖြစ်တာမျိုး၊တစ်ခုခုထိခိုက်မိသွားတာမျိုးတို့ရှိတာကို ကျွန်တော်နားလည်ပါတယ်...သိပ်လည်း အားမငယ်ပါနဲ့...ကျွန်တော် ခင်ဗျားကိုဒါလေးအတွက်လောက်နဲ့ မငြိုငြင်ပါဘူးဗျာ"

စုန့်ဟွိုင်စကားအဆုံးမှာ ရုတ်တရက်လေထုကဖိအားမြင့်တက်သွားသလိုပင်။
စုန့်ဟွိုင်က ဗိုလ်ချုပ်ကြီးကိုမော့ကြည့်နေရင်း ထိုသူ့မျက်၀န်းထဲမှ မုန်တိုင်းလာတော့မယ့်အငွေ့အသက်ကိုခံစားမိလိုက်သည်။

ထို့နောက်တွင်တော့ လုမျန်ကစုန့်ဟွိုင်ရဲ့အတွေးတွေ ဘယ်လောက်တောင်အဓိပ္ပာယ်မဲ့ကြောင်းကို လက်တွေ့ပြလိုက်တော့သည်။

.

နောက်တစ်နေ့ မနက်ပိုင်းနိုးလာတော့ စုန့်ဟွိုင်တစ်ကိုယ်လုံး တစစီကျိုးပဲ့တော့မတတ်နာကျင်နေသည်။
နှုတ်ခမ်းတွေရော၊လက်ဖ၀ါးတွေရော၊ပေါင်ကြားတွေကအစ အထိမခံနိုင်အောင်နာကျင်နေသည်။

နူးညံ့တဲ့ပေါင်တွင်းသားတွေခမျာ ပွတ်တိုက်ခံရမှုကြောင့် ရဲရဲနီနေဆဲဖြစ်သည်။
သူ့နှုတ်ခမ်းတွေဆိုရင် ယောင်ကိုင်းနေပြီဖြစ်သည်။
မနေ့ညက လုမျန်က အရမ်းကြောက်ဖို့ကောင်းတာပဲ....

စုန့်ဟွိုင်တစ်ကိုယ်လုံးကို နေရာလပ်မကျန်နမ်းပြီးတတိတိ ကိုက်စားနေသည်လေ။
စုန့်ဟွိုင်ကတော့ သူ့ကိုယ်သူ လုမျန်စားတာခံရတော့မယ့် ငါးတစ်ကောင်ဖြစ်သွားသလားလို့တောင် တွေးနေမိသည်။

သူ့တကိုယ်လုံးလည်း ကိုက်ရာဗလပွနဲ့...
စုန့်ဟွိုင်ကတော့ မျက်ရည်မကျဘဲငိုချင်နေမိသည်။
ဒါကိုများ ဘယ်သူကသူ့ကိုသတ္တိတွေမဟားတရား ပေးလိုက်လို့ လုမျန်ကိုရန်သွားစမိတဲ့အပြင် လုမျန်ကိုတောင်အပေါ်ကနေဦးဆောင်မယ်ဆိုပြီး သွားပြောမိတာလဲလို့....
နာကျင်မှုကိုမြည်းစမ်းလိုက်ရတဲ့ရေသူလေးကတော့ ရှက်နေလေပြီ...

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Onde histórias criam vida. Descubra agora