Chapter-{34}

10.8K 2.3K 280
                                    

Unicode

ကျွန်တော့်ရဲ့အမြီးကို ထိကြည့်ချင်လားဟင်

စုန့်ဟွိုင်သန့်စင်ခန်းဆီအမြန်သွားကာ သူ့တစ်ကိုယ်လုံးလည်းပို၍ပူလောင်လာသည်။
စုန့်ဟွိုင်က အိမ်သာခန်းထဲကို၀င်ကာလော့ချလိုက်ပြီး သူ့တစ်ကိုယ်လုံးကဆူပွက်နေတဲ့ရေပူလို ပူလောင်နေဆဲပင်။
သူ့ရဲ့အသက်ရှူနှုန်းကလည်းပိုမိုမြန်ဆန်လာကာ ပိုဆိုးတာကသူ့အမြီးပြောင်းလဲမှုကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

စုန့်ဟွိုင်က အိမ်သာအဖုံးပေါ်တွင်အားလျော့စွာထိုင်ချလိုက်ပြီး အံတွေကြိတ်ကာထိန်းချုပ်နေရပေမယ့် မျက်ရည်တွေကျချင်လာသည်။
မရဘူး မရဘူး မင်းဒီမှာပြောင်းသွားလို့မရဘူး...
ခြေထောက်မှစ၍ အပေါ်ပိုင်းအထိပူလောင်လာမှုက စုန့်ဟွိုင်ကိုအသိစိတ်လွတ်စေချင်သလိုဖြစ်လာတာကြောင့် သူ့နှုတ်ခမ်းသူကိုက်ကာအသိမလွတ်အောင်ကြိုးစားနေရသည်။
စုန့်ဟွိုင်အားနဲ့ကိုက်ထားတာမို့ သူ့နှုတ်ခမ်းတွေပေါက်ကာသွေးထွက်နေပြီဖြစ်သည်။

လုမျန်သန့်စင်ခန်းဆီလျှောက်လာတော့ လက်ဆေးနေတဲ့လူတစ်ယောက်ကိုသာတွေ့ရပေမယ့် လေထုထဲမှာတော့ချိုမြတဲ့ပင်လယ်ကမ်းစပ်မှအနံ့လေးပျံ့လွင့်နေသည်။
သာမန်လူတွေကတော့ လုမျန်လောက်အာရုံငါးပါးမစူးရှတာမို့ အနံ့မရပေ။
ရုတ်တရက် သန့်စင်ခန်းတစ်နေရာမှညည်းသံလေး မသဲမကွဲကြားလိုက်ရသည်။
ခုနကလက်ဆေးပြီးထွက်သွားဖို့လုပ်နေတဲ့လူကတော့ လုမျန်ရဲ့အမူအရာကြောင့်ကြောက်ရွံ့နေလေပြီ။

လုမျန်ရဲ့နှစ်ပေါင်းများစွာတိုက်ပွဲ၀င်ခဲ့တဲ့အတွေ့အကြုံကြောင့် ဖျတ်လတ်မှုကလယ်ဗယ်တစ်ခုကိုရောက်နေပြီဖြစ်သည်။
ထိုလူထွက်သွားပြီးနောက် သူအမြန်ပဲ သန့်စင်ခန်းရှေ့တွင်ပြုပြင်နေသည်ဆိုတဲ့ဆိုင်းဘုတ်ကိုသွားချိတ်ကာ သန့်စင်ခန်းတံခါးကိုလော့ချလိုက်သည်။
နောက်ထပ် ညည်းသံလေးထွက်လာတာကြားလိုက်ရတော့ လုမျန်ကအသံထွက်လာတဲ့အိမ်သာခန်းတံခါးကိုခေါက်လိုက်ကာ
"စုန့်ဟွိုင် မင်းအထဲမှာလား"
သူမေးလိုက်ပေမယ့် အထဲကတိတ်ဆိတ်နေသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now