အပိုင်း(၃.၂)

7.2K 1.1K 18
                                    

Unicode.

လင်းကျစ်ရန် ထိုနေ့အားမစောင့်နိုင်တော့ဘူး..ဒီနေ့မင်းငါ့ကိုသစ္စာဖောက်ရင်၊ နောက်နေ့ငါမင်းအပေါ်သစ္စာဖောက်မယ်....

သူရဲ့ အယုတ်တမာ ညီလေးမှာ အလွန်ပင်ရယ်ချင်ဖွယ်ကောင်း လောက်အောင်သရုပ်ဆောင်ကောင်းပြနေရာ အကျိုးဆက်ကိုခံစားသင့်သည်။

အရင်ကနဲ့မတူတော့ဘူး၊ အချိန်တွေပြောင်းလဲကုန်ပြီ၊ အခု အယုတ်တမာGong ဖြစ်ရတာက အရမ်းကိုစွန့်စားရတဲ့ အလုပ်တစ်ခုပဲ!

ဆန့်ကျင်ဘက်အားဖြင့်၊ တကယ့် အမြတ်ရသူအစစ်မှာဝမ်းယွီပင်။ ညီအစ်ကိုနှစ်ယောက်လုံးက သူ့ကို အသေအလဲ ပစ်ကြွေကြရာ နှစ်ယောက်လုံးမှာလည်း ဘီလီယမ်နှင့်ချီပြီး တန်ကြေးရှိသည်၊ နှစ်ယောက်ထဲမှ တစ်ယောက်ကို ကြုံရာကျပန်းရွေးလိုက်လျှင်တောင် အရှုံးမရှိ၊ စီးပွားရေးသမားထက်ပင် ပို၍ စီးပွားရေးသမားနှင့် တူသေးတယ်....

လင်းကျစ်ရန် ဝမ်းယွီအား နှစ်လိုဖွယ်အပြည့်ဖြင့် ကြည့်လိုက်ရင်းမှ ပို၍ရဲတင်းလာကာ... လုဆွေ့အားရှေ့ထားပြီး ဝမ်းယွီ၏လက်အား ပုတ်ပေးလျက် ညင်သာစွာပြောလိုက်သည်။

" ဒီကာလမှာ မင်းအရမ်းပင်ပန်းထားတာ၊ကောင်းကောင်းနားလိုက်၊ ခနကြာအောင်အထိ ဘာအလုပ်မှမလုပ်နဲ့ဦး "

လင်းကျစ်ရန်၏ အကြည့်များက ယခင်ကထက်နွေးထွေးသည်ဟု ဝမ်းယွီခံစားလိုက်ရပြီး သူနှင့်အနည်းငယ် စိမ်းသက်နေသော်လည်း ကျေနပ်စရာတော့ကောင်းသည် ဖြစ်ရာ လင်းကျစ်ရန်၏ လက်များအားပြန်၍ပုတ်ကာ ပြုံးပြလိုက်သည်။

" အင်း၊ ဟုတ်ပါပြီ "

တစ်ဖက်လူ၏ လက်ကနွေးထွေးပြီး သန်မာသဖြင့် လင်းကျစ်ရန် ရှက်ရွံ့ပြီး မသက်မသာသလို ခံစားလိုက်ရကာ သတိကြီးစွာဖြစ်ပင် နေရာတကျ ပြန်ထားလိုက်ပါ၏။ ဒီလိုမျိုး သရုပ်ဆောင်မှုကြားမှာ သတိပင်လစ်ချင်လာသလိုလို...ဒါပေမယ့် အမှန်အကန်တွေးကြည့်ရင် အကျိုးအမြတ်ရမှာ အသေအချာ... လုဆွေ့ရှေ့မှာ ဒီလို များများ ကြည်နူးတီတူးပြလေ၊ နောက်ပိုင်းလုဆွေ့ ဝမ်းယွီနဲ့တွဲတဲ့အချိန် ဒီအဖြစ်အပျက်တွေ အပေါ်သဝန်တိုလေပဲ... သဝန်တိုခြင်းက သူ့အားအပြင်းအထန်နှိက်စက်မည့်အ​ကြောင်း တွေးရင်းဖြင့် ရုတ်တရတ် စိတ်လှုပ်ရှားလို့ လာသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now