အပိုင်း(၂၉.၁)

4.3K 787 27
                                    

Unicode.

လင်းကျစ်ရန်သည် တစ်ကိုယ်လုံးတောင့်တင်းနေကာ တစ်ဖက်လူကို စိုက်ကြည့်မိရင်း ပြင်းထန်သောဖိအားဒဏ်ကိုခံစားနေရ၏။ဒီချောက်ချားဖွယ်ကောင်းသောခံစားချက်မှာ စိတ်ဝိညာဥ် ၏ အနက်ရှိုင်းဆုံးအပိုင်းမှ ပျံ့နှံ့ လာသလိုမျိုးပင်ဖြစ်လေပြီးအလွန်သန်မာလှချေ၏။ ဒါနဲ့ မေးချင်တာက ဘာဖြစ်လို့ငါ့ကိုကြည့်နေတာလဲ။လင်းကျစ်ရန်မှာ ငိုချင်နေပါသော်လည်း မျက်ရည်မကျနိုင်။သို့သော် ဖြစ်နိုင်ခြေများကို သူ့ဦးနှောက်က အဆက်မပြတ်တွေးတောနေချေ၏။ရွှမ်းရန်က သူ့ကိုမသိသေးဘူး။ သူက မိစ္ဆာဘုရင်ရဲ့ သားဖြစ်မှန်းတောင်မသိသေးတာ။ သူ့ကို အန္တရာယ်ပေးချင်တာလုံးမဖြစ်နိုင်ဘူး။ဒါဆို ဘာလို့ကြည့်နေရတာလဲ။

လင်းကျစ်ရန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ချွေးစေးများပင်ပျံလာပါတော့သည်။ရွှမ်းရန်က ဖျတ်ခနဲတစ်ချက်ကြည့်လိုက်လျှင်တောင် အရပ်လေးမျက်နှာတွင် သူလွတ်မြောက်နိုင်သည့်နေရာမရှိ။သူက ဒူးထောက်ပြီးဝပ်တွားခါနီးတွင် ရွှမ်းရန်က အကြည့်ကိုပြန်ရုတ်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ကြည့်မိလိုက်သလိုမျိုးပင်။ထို့နောက် လှည့်ထွက်သွားလေတော့သည်။ သခင်ချီဖုန်းသည်လည်း အံ့သြလို့နေချေ၏။ဒီကောင်လေးမှာ ဘယ်နေရာကများ အာရုံစိုက်စရာရှိနေလို့ပါလိမ့်။ဒါမှမဟုတ် မူယန်ကို ကြည့်တာဖြစ်နိုင်သည်။

လင်းကျစ်ရန်က အာရုံစိုက်ဖို့မတန်သော်ငြား မူယန်ကမူ တိချန်ဓားအားဆွဲနှုတ်နိုင်ခဲ့ပါသော သူမတူအောင်ထူးခြားလှသည့် ပါရမီရှင်လေးတစ်ယောက်ပင်။ဒါကြောင့်သေချာပေါက် မူယန်ကိုကြည့်တာ​ဖြစ်ရမည်။ အရှင်၏တပည့်တစ်ယောက်အနေဖြင့် မူယန်တွင်အကန့်အသတ်မဲ့သော အနာဂါတ်ရှိသည်။

ချီဖုန်းက မူယန်ဆီသို့လျှောက်လာခဲ့ပြီး နူးညံ့စွာပြုံးလိုက်၏။ " မင်းက မူယန်လား "

မူယန်ကခေါင်းငြိမ့်လိုက်ပြီးနောက် သိချင်စိတ်တချို့ဖြင့်မေးလိုက်လေသည်။ " မေးခွင့်ပြုပါအကြီးအကဲ..ခုနတုန်းက အကြီးအကဲရဲ့စကားကဘာကိုဆိုလိုတာပါလဲ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now