အပိုင်း(၂၂.၁)

4.7K 767 10
                                    

Unicode.

လင်းကျစ်ရန်၏ ကြောက်လန့်သောအကြည့်များက ဖြူဖွေးပြီးလှပသောလက်စီသို့ရောက်သွားသည် ။ မူယန်ဟာ ညစ်ပတ်နေသည့် သူ့အားလုံးဝရွံရှာခြင်းမရှိ ၊ ဇာတ်ညွှန်းတွင်ပါသည့်အတိုင်း သူဟာချောမောပြီးကြင်နာတတ်သည် ။ လင်းကျစ်ရန်သည် ကမ်းပေးသောမူယန့်လက်အားဆုပ်ကိုင်ရန် လက်ဆန့်လိုက်သည် ။ သူ့လက်က သွေးများစွန်းထင်းနေပြီး ဖြူဖွေးသွယ်လျသောလက်နှင့် သိသိသာသာကွဲထွက်နေသည် ။ မူယန်သည် လင်းကျစ်ရန်ကိုဆွဲထူလိုက်ပြီးမျက်မှောင်ကြုတ်ကာ ။

" မင်းခြေထောက်နာနေတယ် "

လင်းကျစ်ရန်သည် သူ့ခြေထောက်များကိုငုံ့ကြည့်လိုက်သော် ကြောက်စရာကောင်းနေတာကိုတွေ့လိုက်ရသည် ။ သူဟာ မြစ်ထဲခုန်ချ ခဲ့စဥ်က ဖိနပ်ပျောက်သွားပြီး ခြေဗလာနှင့် မြစ်ကိုကူးကာ တောင်လမ်းခရီးကြမ်းကို ဖြတ်လျှောက်ခဲ့ရသည် ။ ထို့ကြောင့် သူ့ခြေချောင်းများနှင့် ခြေဖဝါးများမှာပွန်းပဲ့ပြီးသွေးများအဆက်မပြတ်ထွက်နေသည် ။ ဒီလောက်ထိ ကြောက်စရာကောင်းနေသော်လည်း သူဟာနာကျင်ကြောင်းနည်းနည်းမျှမပြသခဲ့ ။ ဒါကမူယန့်ကို အထူးအဆန်းဖြစ်စေလောက်မည် ။ မဟုတ်သေးဘူး..လန့်မသွားနဲ့ ။ သေချာစဥ်းစားကြည့်ရင်ဒါကလုံးဝဖြစ်သင့်တယ် ။

လီယဲ့က ငယ်လေးကတည်းကနှိပ်စက်ခံလာရသည် ။ ဒဏ်ရာများနှင့်ရိုက်နှက်ခြင်းများမှာ သူ့အတွက်အမြဲတမ်းလိုလိုကြုံတွေ့ရလေ့ရှိသည်ပေ ။ ဒီကောင်လေးဟာ သူ့ဘဝအကြောင်းမသိသော်လည်း ရဲရင့်သောစရိုက်ကမူ အရိုးစွဲနေသည် ။ ထို့ကြောင့်တစ်ခြားလူနှင့် ကိုယ့်ကိုယ်ကိုအပေါ်ရက်စက်တတ်ပြီး နာကျင်စွာအော်ဟစ်ဖို့လည်း သူ့ကိုယ်သူဘယ်တော့မှခွင့်ပြုမည်မဟုတ် ။ ထို့ကြောင့် သူဟာ နည်းနည်းမှမတွေဝေဘဲ ခေါင်းမာစွာ သည်းခံထားလိမ့်မည် ။

လင်းကျစ်ရန်သည် ဒါကိုတွေးပြီး လက်သီးတင်းတင်းဆုပ်ကာ အကြည့်လွှဲလိုက်ပေမယ့် အက်ကွဲနေသောနှုတ်ခမ်းကိုမသိမသာဖိကိုက်လိုက်သည် ။ သူခံစားနေရသည့်ဝေဒနါကိုဖျတ်ခနဲ့ ပြသလိုက်သလိုမျိုးပင် ။ ဒါကိုမြင်သော်မူယန်မှာသက်ပြင်းချပြီး စိတ်မကောင်းဖြစ်သွားရသည် ။ ဆယ်ကျော်သက်ကောင်လေးမှာ ဒဏ်ရာတွေကြောင့် စကားမပြောနိုင်ဖြစ်နေသော်လည်း သူဟာနာကျင်မှုကိုကျင့်သားရနေပြီးသလိုမျိုး ခံနိုင်ရည်ရှိနေလေသည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Tahanan ng mga kuwento. Tumuklas ngayon