အပိုင်း(၁၅.၂)

7.4K 1K 67
                                    

Unicode.

ယောက်ျားမှန်လျှင် လက်သီး​ဖြင့်ထိုးပြီး ဘယ်တော့မှနောက်ပြန်လှည့်မကြည့်တတ် ။ လင်းကျစ်ရန်တစ်ယောက် သူ၏ကားဆီသို့သာ တစ်ချိုးတည်း ခပ်သုတ်သုတ်လျှောက်လာခဲ့တော့သည် ။ လုဆွေ့မမြင်နိုင်တော့မှန်း သေချာပြီဆိုမှ သူ၏ လက်ဖဝါးအားထုတ်၍ သေချာစစ်ဆေးကြည့်လိုက်သည် ။ တော်တော်လေး နာကျင်နေ၏ ။ဒါပေမယ့်၊ ရိုက်လိုက်သောအား ကလည်းတော်တော်လေးပြင်းသည် ။

လုဆွေ့လည်း သူခံစားရသလို နာကျင်နေမှာကိုတွေးရင်း ရှုံးတယ်လို့မခံစားရတော့ ။ ထို့အပြင် သူကလက်နာရုံတင်၊ လုဆွေ့က မျက်နှာတည့်တည့်အရိုက်ခံလိုက်ရသည်မို့ အနည်းငယ် နေသာထိုင်သာရှိသွားသည် ။

လင်းကျစ်ရန်မှာ စိတ်အခြေအနေကောင်းမွန်​နေ၏ ။ သူ ဝမ်းယွီနှင့် လမ်းခွဲလိုက်တာကို လုဆွေ့သိသွားပြီးသည့်အလျောက် ထပ်မံ၍ ဝမ်းယွီကို ပစ်မှတ်ထားတော့မည် မဟုတ်ပေ ။

သို့သော် အခုကစပြီး ပြင်ဆင်ပေးထားသော ဇာတ်ညွှန်း မရှိတော့ ။ ဇာတ်ကြောင်းက လုံးဝဖရိုဖရဲ ဖြစ်သွားရာ ၄င်းအတိုင်း လိုက်ပြီးပြောင်းလဲရန်သာ တတ်နိုင်သည် ။

အိမ်ကထွက်လာခဲ့တာ ကြာပြီ ဖြစ်ပြီး ကိစ္စဝိစ္စ အားလုံးလည်းပြီးစီးသွားရာ စားသောက်ပြီး ပြန်ရုံသာကျန်တော့သည် ။ လင်းကျစ်ရန်မှာ ဖုန်းကိုထုတ်ပြီး အနီးအနားရှိ စားသောက်ဆိုင်များကို ရှာဖွေလိုက်၏ ။ ရွေးချယ်စရာ မြောက်မြားစွာရှိနေသည်မို့ ဘယ်ကိုသွားရင်ကောင်းမလဲ စဥ်းစားနေစဥ် ကျောက်မင်ဇယ်ဆီမှ ဖုန်းဝင်လာသည် ။

မင်းနဲ့လုဆွေ့က ရှေ့ဆင့်နောက်ဆင့်ကို ငါ့ရှေ့ပေါ်လာတော့တာပဲ? ဝမ်းယွီနဲ့ငါ လမ်းခွဲလိုက်တာ ကို သူသိပြီးသွားလို့များလား?

လင်းကျစ်ရန်က ခဏတွေးပြီးနောက် ဖုန်းဖြေလိုက်သည် ။

ကျောက်မင်ဇယ်၏ စိုးရိမ်နေသည့်အသံက တစ်ဖက်လိုင်းမှ ထွက်ပေါ်လာ၏ ၊

" ဝမ်းယွီ ဒဏ်ရာရသွားတယ်ဆို..မင်းသူ့ကို သွားတွေ့ပြီးပြီလား..အခြေအနေ ဆိုးလား? "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now