အပိုင်း(၂၀)

10K 1.1K 156
                                    

Unicode.

လင်းကျစ်ရန်မှာမူးဝေနေပြီးတစ်စုံတစ်ယောက်က သူ့အား ပွေ့ဖက်ထားသလိုခံစားရသည်။ ထွေးပွေ့ထားမှုမှာ နွေးထွေးပြီး သက်သောင်သက်သာရှိလွန်းလို့ သူနီးကပ်စွာတိုးဝှေ့ သွားမိသည်။ ထို့နောက်ဖြည်းညှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သော် လှပသော ဇာမဏီမျက်ဝန်းတစ်စုံ သူ့အားပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

လင်းကျစ်ရန် : !

[System : နိုးပြီလား ]

[လင်းကျစ်ရန်: ငါပြန်ပေးဆွဲခံရပြီ၊ ဘယ်လိုလုပ်ကြမလဲ !]

[System:....မျက်နှာတစ်ချက်မပျက်ဘဲ ထပ်ပြီးဒီလိုကိစ္စကိုပြောနိုင်လို့... ကျေးဇူးတင်ပါတယ် ]

အာ.. ငါရှက်နေတာလား ?
လင်းကျစ်ရန်မှာ အနည်းငယ် စိတ်မသက်မသာသလိုခံစားလိုက်ရသည်။ ထို့နောက် သူ့ရှေ့ရှိ ကျောက်မင်ဇယ်အားကြည့်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားကာ နာကျင်မှုတို့ ဖြင့်မယုံနိုင်စွာမေးလိုက်သည် ။

" မင်းဘယ်လိုတောင်လုပ်နိုင်ရတာလဲ ...မင်း "

သူဟာ မတ်တပ်ထဖို့ကြိုးစားလိုက်သည့်တိုင် အားနည်းနေ၍ ပြန်လဲကျသွားရသည်။

ကျောက်မင်ဇယ်သည် လက်တစ်ဖက်အားသူ့ဘေးတွင် ထောက်၍ အုံ့မိုးကြည့်လိုက်ပြီး အက်ကွဲနေသောအသံဖြင့် ညင်သာစွာပြောလာသည် ။

"မင်းဗိုက်ဆာနေပြီလား "

ဗိုက်ဆာလားလို့ မေးရမဲ့အချိန်လား? မင်းတော့တစ်ခုခုမှားနေပြီ၊ သိရဲ့လား ?

လင်းကျစ်ရန်က သူ့လက်အားရှောင်၍ တစ်ဖက်သို့မျက်နှာ လွှဲလိုက်ပြီး ဒေါသဖြင့် ။

" မင်း ဘာလုပ်ဖို့စဥ်းစားနေတာလဲ "

ကျောက်မင်ဇယ်မှာ သူ့ကိုခဏလောက် စေ့စပ်သေချာစွာစိုက်ကြည့်ပြီးနောက် ဖြေးညှင်းစွာပြောသည် ။

" ကိုယ်ဘာကိုစဥ်းစားနေလဲ မင်းတကယ်မသိဘူးလား .. ဘာပဲဖြစ်ဖြစ်မင်း ကခွင့်လွှတ်မှာမဟုတ်တော့ ကိုယ်ဘာလို့တွေးပူနေတော့မှာလဲ "

ထို့နောက် သူကစကားဆက်မပြောဘဲ သူ့အကြည့်များကမူ တစ်ဖြည်းဖြည်းနှင့်မှောင်မိုက်ကာ အန္တရာယ်ရှိလာပြီး နှုတ်ခမ်းထောင့်များက အပေါ်သို့ကွေးတက်သွားလေသည်။ သူ့အပြုံးကြောင့် လင်းကျစ်ရန်မှာလန့်သွားရသော်လည်း ချက်ချင်းပင် ပြန်၍ တည်ငြိမ်အောင်ထိန်းလိုက်၏ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now