အပိုင်း(၄၀.၂)

2K 334 13
                                    


လင်းကျစ်ရန်ဟာ မူယန်ရဲ့ လုံခြုံရေးကို စိတ်ပူရတာမို့ အိပ်မပျော်စားမဝင်နိုင်ဖြစ်နေသည်...

နောက်တစ်နေ့ နံနက်တွင် ရွှမ်းရန် ရောက်လာခဲ့သည်။ သူဟာ မကျန်းမမာနှင့်လှဲနေသော လူငယ်လေးကိုကြည့်လိုက်သည်။ လူငယ်ရဲ့ အသက်ရှုသံက ဖျော့တော့နေကာ မျက်လုံးများကိုမှိတ်ပြီး မျက်မှောင် ကြုတ်ထားသည်။ ဤမြင်ကွင်းကိုတွေ့လိုက်ရတော့ ရွှမ်းရန်ရဲ့ရင်ထဲတွင် နာကျင်သွားသည်။ သူဟာ မနေ့ညတုန်းက အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့လုပ်ရပ်တွေကို မြင်ပေမယ့် မတားမြစ်နိုင်ခဲ့။

ရွှမ်းရန်ဟာ ရင်ထဲတွင် မချိတင်ကဲခံစားလိုက်ရသည်။ သူ့ကြောင့်သာမဟုတ်ရင် လင်းကျစ်ရန်လည်း ဒီလို အဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်။ သူဟာ ကိုယ့်စွဲလမ်းမှုကို အမြစ်မဖြတ်နိုင်ဘဲ မကောင်းဆိုးဝါးကို မွေးမြူသလိုဖြစ်ကာ နောက်ဆုံးတွင် ချစ်ရသူကိုနာကျင်စေခဲ့မိသည်။

ရွှမ်းရန်က ကုတင်ဘေးတွင်ထိုင်ကာ လင်းကျစ်ရန်ရဲ့ မျက်နှာကို ကြည့်ရင်း

' တကယ်ဆို မင်းအဲ့လို မလုပ်သင့်ဘူး...မင်းသူ့ကိုရထားပြီးပြီပဲ '

အတွင်းစိတ်ရှိမကောင်းဆိုးဝါးရဲ့ အလိုမကျတဲ့ အသံက နားထဲသို့ဝင်လာသည်

' သူက ဘာလို့ မူယန်ကို ကာကွယ်ပေးနေတာလဲ...သူက ငါ့ရဲ့လူဖြစ်နေပြီ...သူ့စိတ်နဲ့ ခန္ဓာကိုယ်ကို ငါပဲပိုင်တယ်...မင်းလည်း မူယန်ကို မနာလိုမဖြစ်ဘူးလို့ ငါ မယုံဘူး '

မနာလိုတာတဲ့လား?

ဟုတ်တယ်...သူလည်း မူယန်ကို မနာလိုတာပေါ့...ဒါပေမယ့် သူ့မနာလိုမှုတွေက ချစ်ရသူကိုသာ နာကျင်စေမယ်ဆို သူစွန့်လွှတ်လိုက်နိုင်တယ်...

ဒီလိုအမှားတွေပဲ ဆက်တိုက်ကျူးလွန်နေလို့မဖြစ်။ ရွှမ်းရန်က ဆက်ပြောလာသည်

' မင်း ဒီလို မလုပ်နဲ့တော့ '

အတွင်းစိတ်ရှိမကောင်းဆိုးဝါးကလှောင်ထေ့သည်

' ဟားဟား! မင်းလည်း ဒီလို မလုပ်ချင်ဘူးဆိုတာသေချာလို့လား...မင်းက တော်တော် သူတော်ကောင်းယောင်ဆောင်တတ်တာပဲ....ငါက မင်းလက်မခံချင်တဲ့ မင်းရင်ထဲက အနက်ရှိုင်းဆုံးဆန္ဒတစ်ခုပဲဆိုတာ မမေ့နဲ့...မင်းက ငါ့ကို ဖယ်ရှားပစ်ဖို့ကြိုးစားနေတာ...တကယ်တော့ ငါလုပ်နေတဲ့အရာတွေအကုန်လုံးက မင်းလုပ်ချင်နေတာတွေပဲ... '

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Hikayelerin yaşadığı yer. Şimdi keşfedin