အပိုင်း(၁၄.၂)

6.2K 946 21
                                    

Unicode.

" ဝမ်းယွီက ခင်ဗျားနဲ့ relationshipကို တရားဝင်ချပြလိုက်လို့... ခင်ဗျားအတွက် ဂုဏ်ယူပါတယ်..ဒါပေမယ့် "

လုဆွေ့က မေးငေါ့လိုက်ပြီး သူ၏ မျက်ဝန်းအစုံထဲတွင် မကောင်းသောအရိပ်အခြည်များ အပြည့်နှင့် ၊ သူက နှေးကွေးစွာပြောလာသည် ။

" ဒါက ပြီးသွားပြီလို့ ခင်ဗျားထင်နေတာလား? တကယ်တော့ အစပဲရှိသေးတာ "

လင်းကျစ်ရန်: ...?

လုဆွေ့၏ စကားများက တကယ့်ကို မူမမှန်ပေ ။ ပြီးတော့ ခြိမ်းခြောက်သည့် အရိပ်အယောင်များကလည်း မသိမသာရောစွက်နေ၏ ၊ နောက်ကွယ်မှာ တစ်ခုခုလုပ်ဖို့ ကြံရွယ်နေသကဲ့သို့ ။ နေဦး...ကျောက်မင်ဇယ်ရဲ့ စကားအရဆို...

လင်းကျစ်ရန်၏ မျက်နှာမှာ ပြောင်းလဲသွားရပြီး လုဆွေ့အား အံသြထိတ်လန့်စွာဖြင့် စိုက်ကြည့်လိုက်ကာ ။

" မင်းလုပ်ခဲ့တာလား? "

လုဆွေ့မှာ လင်းကျစ်ရန်၏ အမူအရာက လျစ်လျူရှုထားခြင်းမှ ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ရင်ထဲတွင်ပျော်ရွှင်လာသလို ခံစားလိုက်ရသည် ။ သူက အရှေ့သို့ ခြေလှမ်း အနည်းငယ်လှမ်းကာ လင်းကျစ်ရန်ဆီသို့ တိုးကပ်လာ၏ ။ သူ၏ မျက်ဝန်းများက အေးစက်နေကာ လှောင်ထေ့နေဟန်က အတိုင်းသားထင်ဟပ်နေပြီး ညင်သာစွာရယ်မောတော့သည် ။

" အင်းလေ..ကျွန်တော့် ကျေးဇူးနဲ့ ခင်ဗျား သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူဘဝက ကျွတ်သွားတာမလား..တကယ်ဆို ကျွန်တော့်ကို ကျေးဇူးတောင်တင်သင့်တာနော်...ကော... "

လင်းကျစ်ရန်မှာ ဒေါသထွက်လွန်း၍ လက်များပင်တုန်ရီလာ၏ ။ သူအမြဲတမ်းတွေးခဲ့တာက ဒီကောင်လေးမှာ အလိုက်သိပြီး ဇာတ်ကြောင်းကို တိုးတက်အောင်ကြိုးစားနေသည်ဟူ၍...။ သို့သော် သူက ပြောင်းလဲသွားကာ လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းက အံ့သြဘနန်း ဖြစ်ဖွယ်ရာများသာ ။ ဗီလိန်၏ ထမင်းအိုးကိုပင် တုတ်နှင့်ထိုးလိုက်သေး၏... မင်းတကယ့်ကို ငါ့ကိုစိတ်ပျက်စေတာပဲ!

လုဆွေ့မှာ စိတ်ကျေနပ်သွားသည် ။ သူက လှည့်ထွက်မသွားခင် ဖြည်းညှင်းစွာပြောလာပါသေး၏ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now