အပိုင်း(၂၉.၂)

4.4K 779 40
                                    

Unicode.

လင်းကျစ်ရန် နိုးလာခဲ့သည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်၏။အခုတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ဖြစ်ရာ ဘာမှလုပ်စရာမလိုဘဲ သက်တောင့်သက်သာအချိန်ဖြုန်းနိုင်နေသည်။

လင်းကျစ်ရန်ဟာ အနောက်ဘက်ရှိတောင်တန်းဆီသို့ပျော်ရွှင်စွာလျှောက်လာခဲ့ပြီး စိမ်းလန်းစိုပြေလှသောတောအုပ်ကြီးကို မျှော်ကြည့်လိုက်လေသည်။ဒီတောအုပ်ထဲတွင် ဘယ်အသီးအနှံက အရသာရှိသလဲ မေးမြန်းရန် systemကိုလှမ်းခေါ်လိုက်သည်။

[ System ကမူ လင်းကျစ်ရန်ကို ​စကားပြောချင်စိတ်ပင်သိပ်မရှိတော့- လူကြီးမင်းက အရမ်းကို အစားမက်တာပဲလား]

လင်းကျစ်ရန်ကဆို၏- မင်းနားမလည်ပါဘူး..ဒီနေရာမှာ TVမရှိ..ဒရမ်မာလည်းကြည့်လို့မရ..ဂိမ်းလည်းဆော့လို့မရဆိုတော့..စားရင်းသောက်ရင်း အချိန်ဖြန်းနေဖို့ကလွဲရင် ကျန်တဲ့နည်းလမ်းရှိသေးလို့လား။

[System-…] အင်း...သူပြောတာလည်း အဓိပ္ပါယ်ရှိသလိုပဲ။

လင်းကျစ်ရန်က စိတ်အားထက်သန်စွာဖြင့် ဆက်ပြီးပြောလာခဲ့၏ - ဒါနဲ့ ဒီမသေမျိုးကမ္ဘာကို ဖန်တီးထားတဲ့ပုံစံက အရမ်းစနစ်ကျတယ်တယ်လို့ခံစားရတယ်..ဥပမာပြောရရင် မကြာသေးခင်က ငါစားခဲ့တဲ့ အသီးအနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေက ကမ္ဘာပေါ်ကရှိရင်းစွဲမျိုးရင်းတွေနဲ့ဆင်တူသယောင်ရှိတယ်..ဒါပေမယ့် အမှန်တကယ်ကျန်ရှိနေသေးတဲ့ မျိုးရင်းတွေကိုအခြေခံထားတဲ့အပြင် ကမ္ဘာပေါ်မှာလုံးဝ မရှိနိုင်တော့တဲ့ မျိုးကွဲတွေလည်း အများကြီးရှိနေသေးတယ်..ဒီဂိမ်းက တကယ့်ကို ကောင်းကောင်းဖန်တီးထားတာပဲ..ငါဒီလို အသေးစိတ်အချက်တွေကိုတောင်သတိထားမိသေးတာ..တကယ်လို့လေ့လာချင်ရင် နေရာတိုင်းက အံ့သြစရာတွေနဲ့ပြည့်နေမှာပဲ "

[ Systemက ဂုဏ်ယူစွာဖြင့် ဆို၏- ဒါပေါ့..ကျွန်တော်တို့ကုမ္ပဏီက ဂိမ်းတွေက လုံးဝအကောင်းဆုံး​တွေမို့အရည်အသွေးမြင့်မားဖို့က ကုမ္ပဏီရဲ့ လက်ကိုင်ဆောင်ပုဒ်ပဲ]

လင်းကျစ်ရန်၏ မျက်ဝန်းများက တောက်ပလာလျက်။ " ဒါဆို ဘယ်ဟာကအကောင်းဆုံးလဲဆိုတာ မင်းငါ့ကိုပြောပြပေးမယ်မို့လား "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Tahanan ng mga kuwento. Tumuklas ngayon