Unicode.
လင်းကျစ်ရန်ကသူ ထွက်သွားရတော့မယ့်အကြောင်း တွေးကာ ခြံထဲသို့ ပြန်လာခဲ့သည်။ ဒီတစ်ခေါက် ယဲ့လျှိုရင်နောက်လိုက်ဖို့က အရမ်းအန္တရာယ်များပြီး ယဲ့လျှိုရင်က သူ့ကို ဘယ်ခေါ်သွားမယ်မှန်းလည်း မသိသေးပေ။ သူ့ အစေခံရဲ့အလိုက်သိမှုအပေါ်သူအရမ်းကျေနပ်ပေမယ့် အတူတော့ ခေါ်မသွားသင့်... သူကသေမျိုးတစ်ယောက်ဖြစ်ပြီး ပြဿနာတစ်ခုခုဖြစ်ခဲ့ပါက အမြှောက်စာတစ်ယောက်လိုပင် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အချိန်ဆွဲနိုင်မှာတောင်မဟုတ်။ပြီးတော့သူ့မှာလည်း အမြဲတမ်းလိုက်ပြီးကာကွယ်ဖို့ အားလပ်ချိန်တွေ မရှိနိုင်တော့ပေ။
ဒါကိုတွေးပြီး လင်းကျစ်ရန်က ရွှမ်းရန်ရဲ့ အခန်းတံခါးကို ခေါက်လိုက်ပြန်သည်။
သို့ပေမယ့် ရွှမ်းရန်ကအခန်းတွင်ရှိမနေပေ။
လင်းကျစ်ရန် က ခေါင်းကုတ်လိုက်သည်။ သူ သမားတော်ဆီသွားပြတာလား။ ခနနေ ပြန်လာမယ်ထင်သည်။ သူ ဒီမှာ ထိုင်စောင့်နေလိုက်မည်။ သူဟာ စောင့်နေရင်း တန်းလန်းနှင့် အိပ်ပျော်သွားခဲ့လေသည်...
.......ရွှမ်းရန်ဟာ ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသောအခါ လင်းကျစ်ရန်ကသူ၏အခန်းတံခါးရှေ့တွင် ထိုင်ကာ နံရံကို မှီလျက် ငိုက်မျည်းနေတာကိုတွေ့လိုက်ရသည်။
တကယ်တော့ သူဟာ လင်းကျစ်ရန်ထွက်သွားခဲ့တာနှင့် တပြိုင်နက် အနောက်မှတိတ်တဆိတ် လိုက်လာခဲ့လေသည်။
သူသည် ဒီအတောအတွင်း လင်းကျစ်ရန် အနားတွင်ရှိနေသော်လည်း လင်းကျစ်ရန်နှင့် ပတ်သက်နေသူ အားလုံးကိုလည်း သတိမပြတ်စောင့်ကြည့်ခဲ့သည်။ အထူး သဖြင့် ယဲ့လျှိုရင်ကိုပင်။
သခင်ချီဖုန်းက ချီရန်မသေမျိုးလောက တွင် ကပ်ဆိုးတစ်ခုကျရောက်လိမ့်မည်ဟု အရင်က ခန့်မှန်းခဲ့ဖူးသည်။ သူဟာ လင်းကျစ်ရန် ၏ မိစ္ဆာအသွင်ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယဲ့လျှိုရင် ၏ ကိုယ်ပွားမှာ ချီရန်မသေမျိုးလောက အတွင်းသို့ ခိုးဝင်နေသည်ကိုလည်း သိရှိခဲ့ရသောကြောင့် ဤကပ်ဆိုးကြီးသည် ယဲ့လျှိုရင်နှင့် တစ်နည်းတစ်ဖုံ သက်ဆိုင်နေလိမ့်မည်ဟု နားလည်ခဲ့သည်။
![](https://img.wattpad.com/cover/283766113-288-k564845.jpg)
YOU ARE READING
ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)
FantasyJust a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူးယဥ်ဝတ္တုတိုင်းတွင်shouဇာတ်ကောင်အားနှစ်သက်သဘောကျသည့်အရန်ဇာတ်ပို့Gongဆိုတာပါစမြဲ။Shouလေးကိုဇာတ်လိုက်Go...