အပိုင်း(၄၁.၁)

1.9K 314 4
                                    


ရွှမ်းရန်က လုံးဝ ပေါ်မလာခဲ့ပေ။ မူယန်ဟာ လင်းကျစ်ရန်ကို ခေါ်၍ ရှန့်ရွှမ်နန်းဆောင်မှထွက်လာခဲ့ပြီး ကျိုးယွဲ့နှင့် အပြင်ဘက်တွင် ဆုံကာ သူတို့ သုံးယောက်သားမှာ စင်ကြယ်သောနန်းတော်မှ ထွက်လာခဲ့ကြသည်။ သူတို့ကို ဘယ်သူမှ သတိမထားမိသလို ဘယ်သူမှလည်း လာပြီးမတားကြပေ...

ခရီးလမ်းက အလွန်ချောမွေ့လွန်းတာကြောင့် တစ်ခုခုလွဲနေပြီလို့တောင် လင်းကျစ်ရန်တွေးမိသေးသည်။သို့ပေမယ့် ချက်ချင်းပင် အတွေးပြောင်းသွားသည်။ ကြည့်ရတာ ရွှမ်းရန်က အတွင်းစိတ်ရှိမကောင်းဆိုးဝါးကို ထိန်းချုပ်ထားပြီး သူတို့ကို တမင်တကာလွှတ်ပေးလိုက်တာဖြစ်နိုင်သည်။

မူယန်နှင့်ကျိုးယွဲ့မှာလည်း ဒီကိစ္စနှင့်ပတ်သက်ပြီး ရှုပ်ထွေးနေကြပေမယ့် သူတို့မှာ များများစားစား စဉ်းစားနေဖို့ အချိန်မရှိပေ။စင်ကြယ်သောနန်းတော်မှာ ချီရန်မသေမျိုးလောကရဲ့ ထိပ်သီးဂိုဏ်းတစ်ခုပင်ဖြစ်တာကြောင့် တပည့်တပန်းများမှာလည်း နေရာစုံတွင် ဖြန့်ကျက်စွာရှိနေလေသည်။ဒါကြောင့် သူတို့အတွက် ပြေးစရာမြေမရှိ....

မူယန်ရဲ့ အမူအရာက စိုးရိမ်နေပုံရသည်။

သူတို့ စုန်ကျိုးမြို့ကို ပြန်သွား၍လည်းမဖြစ်...မဟုတ်ရင် အန္တရာယ် ယူလာပေးသလိုဖြစ်လိမ့်မည်။

ထိုစဉ် ကျိုးယွဲ့က ခဏစဉ်းစားပြီးမှ ပြောလာသည်

" ငါ့မှာ သွားစရာနေရာ တစ်ခုရှိတယ် "

မူယန်က ကျိုးယွဲ့ကို အရမ်းယုံကြည်လေ့ရှိပြီး ပြုံးကာ

" ဒါဆို အကြီးအကဲကျိုး လမ်းပြ ပေးပါဦး "

ကျိုးယွဲ့ကလည်းပြုံးသည်

" ယဉ်ကျေးနေဖို့ မလိုပါဘူးကွာ "

လင်းကျစ်ရန်က သိချင်စိတ်ပေါ်လာပေမယ့် ဘာမှ တော့မမေးလိုက်။ ကျိုးယွဲ့က သူ့ ကိုကယ်တင်ဖို့ မူယန်ကို ကူညီပြီး သူ့ရဲ့ဆရာသခင် ရွှမ်းရန်ကိုတောင် ဆန့်ကျင်နိုင်ခဲ့တာ...အခု သူတို့က တစ်လှေတည်းစီးနေကြတဲ့လူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက်ယုံကြည်မှုရှိရမည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now