Arc(1): အပိုင်း(၁)

17.8K 1.3K 36
                                    

Unicode.

ငါက လုကျန်း၊လူတိုင်းရဲ့အမြင်အရတော့ အဘက်ဘက်ကပြည့်စုံတဲ့လူတစ်ယောက်ပေါ့။အသက်၃၀မပြည့်သေးဘူး နံမည်ကြီးကုမ္ပဏီတစ်ခုရဲ့ဥက္ကဌတစ်ယောက်အဖြစ်အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုရှိနေပြီ။ဒါကြောင့်ငါ့ကိုငယ်ရွယ်ပြီးအလားအလာကောင်းတဲ့လူတစ်ယောက်အဖြစ်သတ်မှတ်ကြတယ်။ငါ့မှာဝမ်းယွီလို့ခေါ်တဲ့လိင်တူချစ်သူတစ်ယောက်လည်းရှိသေးတယ်၊သူကငါသဘောကျတဲ့ရုပ်ရည်ရှိရုံတင်မကဘဲနံမည်ကြော်မင်းသားတစ်ယောက်လည်းဖြစ်တယ်။

ငါကငွေအတွက်စိတ်ပူစရာမလိုသလို၊လူ့ဘဝရဲ့လောကဒဏ်အတက်အကျတွေကိုလည်းစိုးရိမ်စရာမလိုဘူး၊လူတိုင်းအားကျရတဲ့အရာတွေငါ့မှာရှိတယ်။

ဒါပေမယ့်အခုတော့ ငါဟာဇာတ်ပို့နေရာကပါဝင်နေရသူဖြစ်နေတယ်။

အိုး....ရယ်စရာကောင်းလိုက်တာ။ဒီဟာသမြောက်တဲ့ကစားပွဲမှာငါအားလုံးဆုံးရှုံးလိုက်ရတယ်။သတိလတ်လွတ်လှုပ်ရှားမှုတစ်ခုကြောင့်ဂိမ်းတစ်ခုလုံးရဲ့ရလဒ်ကKO.

အဆုံးမှာတော့....ငါကဘယ်သူလဲ?

[တင်!]

[3D ပုံရိပ်ယောင်ကမ္ဘာစတင်နေပါပြီ]

[Fantasy Network Technology Limited Company မှတီထွင်ထားတဲ့ 'ကြင်နာတတ်သောအရန်ဇာတ်ပို့ - Game '  မှကြိုဆိုပါတယ် ]

လင်းကျစ်ရန်မျက်လုံးမှိတ်ပြီးစဥ်းစားလိုက်သော်သူမနေ့ကစာပို့သမားဆီမှနောက်ဆုံးပေါ်ရုပ်ကြွဂိမ်းဦးထုတ်တစ်လုံးလက်ခံခဲ့ရတာကိုမှတ်မိသွားသည်။ဂိမ်းတီထွင်သည့်ကုမ္ပဏီမှာအရည်အသွေး​မြင့်​ဂိမ်းများထုတ်လုပ်မှုကြောင့်အတော်လေးနာမည်ကြီးသည်။ထိုကုမ္ပဏီမှအခန်းဆက်ဂိမ်းseriesများမှာကစားသမားများကြားတွင်ရေပန်းစားလျက် ၊ကမ္ဘာတစ်ဝှမ်းတွင်ဂိမ်းမျိုးစုံကိုဖြန့်ချိရောင်းချနေသည်မှာကြာလေပြီဖြစ်သော်လည်း ဤ ' ကြင်နာတတ်သောအရန်ဇာတ်ပို့ ' ဂိမ်းကိုတော့သူတစ်ခါမျှမကြားဖူးပါ။ ဒါကထွက်ထားတာမကြာသေးသည့်ဂိမ်းအသစ်တစ်ခုပင်ဖြစ်လိမ့်မည်။

လင်းကျစ်ရန် သိချင်စိတ်ဖြင့်ဂိမ်းထဲဝင်လိုက်သည်။ဂိမ်းသည်ဝတ္တုဇာတ်လမ်းတွဲများရှိဇာတ်အိမ်များကိုအခြေခံထားခြင်းဖြစ်ပြီးခုနကသူလက်ခံလိုက်ရသည်များမှာယနေ့သူကစားရမည့်ဇာတ်ကောင်၏အချက်အလက်များပင်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now