အပိုင်း(၇.၁)

7.6K 1.1K 68
                                    

Zawgyi.

လင်းကျစ်ရန်၏ ပြူးကျယ်နေသောမျက်ဝန်းများထဲတွင် ရိုးသားမှုနှင့် စိတ်ရှုပ်ထွေးမှုများကရောယှက်လို့ နေပေ၏။ လုဆွေ့မှာ ဝမ်းယွီကို မနှစ်မြို့ဖွယ် အမူအရာဖြင့်ကြည့်လိုက်ပြီး မျက်လုံးများက ကျဉ်းမြောင်းလာလျက် ဟာသပျက်လုံးတစ်ခုအား ကြည့်ရှုရန် အဆင်သင့် ဖြစ်နေသလိုမျိုးပင်။

ဝမ်းယွီမှာ သူ၏လက်ချောင်းများကို ဖြေလျော့ လိုက်ပြီး အနောက်သို့ပြန်ဆုတ် လိုက်သည်။ ထို့နောက် လုဆွေ့၏ ပုခုံးအား အသာအယာ ပုတ်ပေးလျက် ခေါင်းလှည့် ကာ လင်းကျစ်ရန်အားပြုံးပြ လိုက်ချေသည်။

" အင်း..ကျွန်တော် သန့်စင်ခန်းကို လာတာပဲ..ဒါပေမယ့် လုဆွေ့ရဲ့ အင်္ကျီမှာ ဖုန်နည်းနည်းပေ နေတာကိုလှမ်းတွေ့မိလိုက်လို့ "

လင်းကျစ်ရန်: ". ..."

[လင်းကျစ်ရန်: ဒီလို အပေါစား ဆင်ခြေကြီးကို..ငါကယုံရမှာလား..မယုံရဘူးလား]

[System: သဘောကျသလိုလုပ်ပါ]

[လင်းကျစ်ရန်မှာ မျက်နှာပြောင်ပြောင်ဖြင့် ကပ်သီးကပ်သတ် ပြောလိုက်လေ၏: မင်းရဲ့ ထင်မြင်ချက်ကို ပြော]

System က လျစ်လျူရှုထား လိုက်ပါတော့သည်။

[လင်းကျစ်ရန်: ငါမှားသွားတယ်..] စပ်စုခြင်းက ကြောင်သူငယ်လေးအား သတ်ဖြတ်ပစ်လိုက်လေ၏။

လုဆွေ့အား တစ်ချက်မျှပင် လှည့်မကြည့်ပါဘဲ ဝမ်းယွီမှာ လင်းကျစ်ရန်၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ပြန်ဝင်လာ လိုက်သည်။ ဝမ်းယွီ၏ အဆွဲခေါ်ခံလာရစဉ် လင်းကျစ်ရန်တွေးမိသည်က အိမ်ထောင်ရေးဖောက်ပြန်သည်ကို လက်ပူးလက်ကျပ်မိလေသော ဇာတ်ကွက် ပါပင်။ ထို့အပြင် လူတစ်ကိုယ်လုံးမှာလည်း အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးလို့ နေပေသည်။

တကယ်လို့ ငါသာ သူ့ကိုမယုံဘူး လို့ပြောလိုက်ရင် သူတို့ကို ကြိုတင်ပြီး ဖော်ထုတ်လိုက်သလိုဖြစ်သွားမယ်..ဒါဆိုရင် လမ်းခွဲဖို့က သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်..ဒါပေမယ့် နောက်ပိုင်းကျ ဇာတ်ကြောင်းရဲ့ အဓိက အချက်ကို လှစ်ဟာမိခဲ့ရင် အတော်လေး ပြင်ထန်တဲ့ ဇာတ်ညွှန်း သွေဖယ် မှုကြီး ဖြစ်သွားဦးမယ်...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now