အပိုင်း(၁၉)

7K 982 37
                                    

Unicode.

လု​ဆွေ့ သည် လင်းကျစ်ရန် ကို မှင်တက်စွာ ကြည့်လိုက်​လေသည် ။ သူ၏နှုတ်ခမ်းများ တုန်ရီနေပြီး မျက်ဝန်းများကမူ တောင်းပန်နေသည် ။

"ဟင့်အင်း မဟုတ်ဘူး... ​ကော ကျွန်တော့် ကို လိမ်နေတာ..."

လင်းကျစ်ရန် က သူ့ကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည် ။

" ငါ ဒါတွေအားလုံးကိုမပြောပြချင်ခဲ့ဘူး..အဲ့တာကြောင့် မင်းအမေက ငါ့ကို ကယ်တင်ဖို့ သေသွားခဲ့တာလို့ မင်းထင်ခဲ့တာ... ဒါပေမယ့် အခု မင်းသိသွားပြီး ငါ့ကို ထပ်ခါထပ်ခါ မေးနေလို့ ငါဝန်ခံလိုက်တာ... ငါမင်းကိုဆက်​ပြီး လိမ်နေမှာမဟုတ်ဘူး... ဒါအမှန်တရားပဲ"

လုကျန်း သည် အမှန်တကယ်ပင်နစ်နာသူဖြစ်ခဲ့ပါသော်လည်း လုဆွေ့ ကို ရင်ဆိုင်ရာတွင်မူလိပ်ပြာမသန့်ပေ ။

ဒါဟာ လုကျန်း က လုဆွေ့ အပေါ် ပြန်ပြီးဖြည့်ဆည်းပေးချင်သည့် အကြောင်းရင်းအမှန်ပင် ။

လု​ဆွေ့သည် ဆိုဖာဘေးတွင် ဒူးထောက်ထိုင်နေလျက် ။ သူဟာ မလှုပ်မယှက်၊ ကူကယ်ရာမဲ့ စွာနှင့် တုံ့ဆိုင်းနေသော မျက်ဝန်းများထဲတွင်ယုံကြည်ထားသော တစ်စုံတစ်ရာကြောင့်... တစ်ဖန် ပြင်းထန်စွာ ပြိုလဲသွားရပြန်၏။

လင်းကျစ်ရန်သည်လု​ဆွေ့၏ ​အသွင်အပြင်ကို မြင်သောအခါရှားရှားပါးပါး စိတ်ပျော့ပြောင်းသွားသော်လည်း လုကျန်း မှာ အမှန်တရားကို မပြောပြရသေးဘဲ လုဆွေ့တောင်းပန်သည်ကို လက်ခံရန် မဖြစ်နိုင်။ ထို့အပြင်၊ သူကတာဝန်ထမ်းဆောင်နေ သည့် ကစားသမားတစ်ဦးသာဖြစ်ပြီး အမှန်တရားကို လုဆွေ့ ထံမှ ဖုံးကွယ်ရန် အကြောင်းမရှိပေ။

မင်း အခုသိသွားပြီဆိုမှတော့... အားလုံးကိုသိသွား​သင့်တယ်။

လုဆွေ့ ဟာ စိတ်တည်ငြိမ်ဖို့ အချိန်လိုနေပုံရပြီး သူလက်ခံနိုင်လာသည့်အချိန်တွင် ဘာသာထွက်သွားလိမ့်မည် ။ ဒီတစ်ခါတွင် လုဆွေ့မှာလုံးဝစိတ်ရှုပ်​ထွေးသွားလိမ့်မည်ပင်။ လု​ဆွေ့ထွက်သွားပြီးမှပြန်လာရန် လင်းကျစ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဆိုဖာပေါ်မှထကာ သော့ကိုယူပြီး ထွက်လာခဲ့ပေမယ့် လုဆွေ့ က ဒီတစ်ကြိမ်တွင်မူ သူ့ကိုမတားတော့ ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now