အပိုင်း(၄၅.၁)

936 160 17
                                    


Unicode

ကြည့်လိုက်တာနဲ့ လူစဉ်းလဲစတိုင်နဲ့ဒီလို သရဲတစ္ဆေလိုလိုရုပ်သွင်က မြင်သမျှလူတိုင်းလန့်ပြီးသေသွားစေချင်လို့လား!ဘယ်လိုတောင် ထူးဆန်းတဲ့ ဖက်ရှင်အမြင်လဲ! အံ့ဩစရာပါလား...

ဒီကောင်လေးက ခြေဆုံးခေါင်းဆုံး အမြှောက်စာဖြစ်ဖို့အသေးစိတ်ဖန်တီးထားတာပဲ။ နျန့်ပိုင် မနှစ်မြို့တာလဲ မပြောနဲ့လေ။

လင်းကျစ်ရန်တစ်ယောက် မှန်ထဲတွင်ပေါ်နေသော မျက်တွင်းဟောက်ပက်နှင့် မိမိရုပ်သွင်ကိုကြည့်ရင်းစဉ်းစားခန်းဖွင့်လိုက်ပါသည်။

အင်းလေ...နျန့်ပိုင်မနှစ်မြို့တာလည်းမပြောနဲ့။ ကျန်းရွှမ်ကိုယ်တိုင်တောင်ဒီစိတ်ပျက်စရာအမှိုက်ကို နောက်ဆွဲအဖြစ်ဘယ်လို ကျိတ်မှိတ်သည်းခံထားရလဲ သူကိုယ်တိုင်ပဲ သိနိုင်မှာ။ သေချာတာကတော့ လုမိသားစုကြောင့်ပဲနေမှာ၊ လုမိသားစုက ကျန်းမိသားစုနဲ့မယှဉ်နိုင်ပေမယ့် ကျန်းရွှမ်လို စီးပွားရေးသမားတစ်ယောက်က ဘယ်တော့မှ ကိုယ့်ပါတနာအပေါ် အထင်သေးမယ့်လူစားမဟုတ်တာကြောင့်လည်းဖြစ်မယ်။ ဒါနဲ့...အထင်မသေးဘူးလို့ပဲပြောတာ၊ အသိအမှတ်ပြုတယ်လိုတော့မဆိုလို၊ ကျန်းရွှမ်က မတန်တဲ့အရာကိုစိတ်ရှုပ်ခံပြီး ခေါင်းထဲထည့်ထားမှာမဟုတ်ဘူး။လုရှောင်တုန်းတစ်ယောက်သာ ခေါင်းမပါတဲ့ယင်ကောင်လို့ ကျန်းရွှမ်နောက် တစ်ကောက်ကောက်လိုက်ပြီး ဟိုဟာလုပ်ပေးလိုက် ဒီဟာလုပ်ပေးလိုက်နဲ့ အတင်းဖားယားနေတာ။

သူက ကျန်းရွှမ်စိတ်ကျေနပ်ဖို့ ကိုယ့်သေတွင်းကိုယ်တူးခိုင်းရင်တောင် ပျော်ပျော်တူးပေးမယ့်လူစားမျိုး။ ကျန်းရွှမ်အတွက်ကတော့ ဘယ်တူမလဲ၊ သူ့ဘေးနားမှာ မရေမတွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ နောက်လိုက်တွေက ပေါသောနေတာ၊ အရည်အချင်းရှိပြီးအသုံးဝင်နေသရွေ့ကတော့ သူကအနားခေါ်ထားပြီး မွေးမြူထားမှာပဲ။ လုရှောင်တုန့်လိုလူစားကိုကျ သေမထူးနေမထူး လိုပဲ သတ်မှတ်ထားပုံရတယ်။ ဘယ်လိုပဲ အကောင်းမြင်ခံရအောင်နေနေ မထူးဆန်းဘူး၊ အသုံးဝင်တာတွေလုပ်လုပ် မလုပ်လုပ် သူ့အတွက်က ပုံမှန်ပဲ၊ဘာမှထူးကဲသွားမှာလည်း မဟုတ်ဖူး ဆိုပေမယ့်...အမှားလုပ်မိပြီဆိုရင်တော့ ကျန်းရွှမ်က သူ့နောက်လိုက်တွေဘာတွေ မစဉ်းစားဘူး၊ ခြေထောက်ရိုက်ချိုးပြီး မသေမရှင်ဖြစ်အောင်လုပ်ပစ်ဖို့ ဝန်လေးနေမှာလည်း မဟုတ်ဘူး!

You've reached the end of published parts.

⏰ Last updated: Jul 03 ⏰

Add this story to your Library to get notified about new parts!

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now