အပိုင်း(၃၃.၃)

1.9K 268 0
                                    


Unicode.

" ကျွန်တော့်မှာ ကျွန်တော့်ကိုကယ်ခဲ့လို့ ရေခဲအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူက လူဆိုးမဟုတ်ဘူးဆိုတာကျွန်တော်အသက်နဲ့ရင်းပြီးအာမခံပါတယ်။ ဆရာကျေးဇူးပြုပြီးသူ့ကိုလွှတ်ပေးနိုင်မလား။ "

ရွှမ်းရန်​၏မျက်လုံးများက အနည်းငယ် ကျုံ့ဝင်သွားခဲ့ပြီး လက်ကိုဝှေ့ယမ်းကာ ရေကန့်လန့်ကာကို ထုတ်လိုက်သော် ဒီကာလအတွင်းဖြစ်ခဲ့သမျှကိစ္စအားလုံးကိုထိုမှတဆင့်မြင်တွေ့လိုက်ရသည်။ လင်းကျစ်ရန်က ရေခဲအကျဉ်းထောင်ထဲတွင် သေလုမျောပါးဖြစ်နေတာကိုမြင်လိုက်ရသော် အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာလည်း အလွန်ပင်ထိမ်းမနိုင်သိမ်းမရဖြစ်လာခဲ့တော့သည်။

​' မြန်မြန် သူ့ကိုလွှတ်ပေးလိုက်စမ်း! သူတောင့်ခံထားနိုင်မှာမဟုတ်ဘူး...

မြန်မြန်! '

ရွှမ်းရန်က မျက်မှောင်ကြုတ်ပြီး တိတ်တဆိတ်တွေးလိုက်သည်။ လင်းကျစ်ရန်က မိစ္ဆာကျင့်ကြံသူတဲ့လား။ ဒါက သူတွေးတောင်မတွေးမိခဲ့ဖူးတဲ့ အရာပေ။ မူယန်က လင်းကျစ်ရန်ကို နင့်နင့်နဲနဲ ချစ်မိနေပုံရသည်။ သူ့အတွက်နဲ့ သူ့ရှေ့မှာဒူးထောက်ပြီးတောင်းဆိုဖို့ကိုပင် ဝန်မလေးခဲ့။ သို့ပေမယ့် ဒီကိစ္စကို သူစိတ်ရှိသလို ဆောင်ရွက်လို့မရ။

မိစ္ဆာကျင့်ကြံသူတွေက ကောင်းကင်နှင့်ဆန့်ကျင်ပြီး လူသားတွေကို ပိုးပုရွက်သဖွယ်သဘောထားကြသည်။သူတို့အားလုံးရဲ့ လက်များက မသန့်ရှင်းသလို လူသားအားလုံးကလည်း သူတို့ကိုသေစေချင်ကြသည်။ ဒါက ချီရန်မသေမျိုးလောကရဲ့ ပုံသေစည်းမျဉ်းတစ်ခုလည်းဖြစ်ရာ တကယ်လို့ သူသာသဘောတူလိုက်ရင် စည်းမျဉ်းကိုချိုးဖောက်သလိုဖြစ်သွားလိမ့်မလား။

မူယန်က ခံစားချက်ကိုအသားပေးလွန်းပြီး ရွှမ်းရန်ကိုစိတ်ပျက်စေသည်။

သူက ပုံမှန်အတိုင်းသာပြောလိုက်သည်။ သူ့အသံထဲတွင် နွေးထွေးမှု အနည်းငယ်မျှတောင် ပါမနေခဲ့။ " ငါ့တပည့်အနေနဲ့ မင်းက အနာဂါတ်မှာ စင်ကြယ်သောနန်းတော်ရဲ့ အုတ်မြစ်ဖြစ်လာလိမ့်မယ်။မင်းရဲ့တာဝန်က မိစ္ဆာတွေကိုသုတ်သင်ပြီး တောက်ကျင့်ကြံသူတွေကို ကာကွယ်ပေးဖို့ပဲ။အခုတော့ အဲ့ဒိ မိစ္ဆာကြောင့်မင်းမှာ အမှန်အမှားခွဲခြားနိုင်စွမ်းတောင်မရှိတော့ဘူး။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now