အပိုင်း(၁၇.၁)

6.5K 971 70
                                    

Unicode.

လောလောလတ်လတ်ကမှပေါ်လာသော ခံစားချက်အကောင်းလေးများမှာ ချက်ချင်းပင် ချေမွခံလိုက်ရပြီး လင်းကျစ်ရန်၏ တစ်ကိုယ်လုံးမှာလည်း တောင့်တင်းနေမိချေသည် ။ ထိုတစ်ခဏတွင် သူဘာပြောရမှန်း မသိပေ ။သူဘာပြောပြော ဝမ်းယွီက ယုံကြည်ပေးမှာလည်း မဟုတ်ချေ ။

ဝမ်းယွီမှာ ဤမြင်ကွင်းအားကြည့်နေစဥ်မှာပင် သူ့အကြည့်များက ဖူးယောင်နေသည့် လင်းကျစ်ရန်၏နှုတ်ခမ်းနှင့် အကိုက်ခံထားရသည့်လည်တိုင်ဆီသို့ရောက်ရှိသွားလေသည် ။ အစက သူဒေါသထွက်လိမ့်မည်ဟုထင်ထားခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ မဟုတ် ။ ဒါက သူကြိုတင်မှန်းဆ ထားခဲ့ပြီးသားမို့လည်း ဖြစ်နိုင်သည် ။

လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်ကို တွန်းပြီး ဆိုဖာပေါ်မှာ ကမန်းကတမ်း ထလိုက်၏ ။ ဒီမြင်ကွင်းက အမှန်ပင် ရှက်စရာကောင်းလှသည် ။

ဝမ်းယွီက အလေးမထားသလို ကြည့်ပြီး အသံတွင်လည်း ထေ့ငေါ့ခြင်းများ အပြည့်နှင့် ။

" ကျွန်တော် နှောင့်ယှက်မိသွားလား "

လင်းကျစ်ရန်: " မဟုတ်ပါဘူး... "

ဝမ်းယွီက လင်းကျစ်ရန်၏ စကားကိုမယုံ ။ သူ့မျက်ဝန်းများက ပြုံးနေသယောင်ဖြင့် ။

" ကျွန်တော် ကိုယ့်ကိုယ်ကို အထင်ကြီးမိသွားတာပဲ..အရင်က ဒီလိုသာကြိုသိခဲ့ရင် မစ္စတာလု အချစ်သစ်ရှာမှာကို ဆွဲထားမိမှာမဟုတ်ဘူး "

သူ၏ သဝန်တိုနေသောအမူအရာက ဘယ်လောက် အကျည်းတန်လွန်းကြောင်း ရင်ထဲက အသံတစ်စက အော်ဟစ်သတိပေးနေသည့်တိုင် သူ့ကိုယ်သူမထိန်းချုပ်နိုင်ပေ...ဆိုးရွားသော အခြေအနေထိရောက်အောင် ခွင့်ပြုပေးနေမိစဲ ။

လင်းကျစ်ရန်၏ မျက်နှာသည်လည်း ဖြူဖျော့နေပြီး သူ တစ်ခုခုကိုရှင်းပြချင်မိ၏ ။ သို့ပေမယ့် ထိုသို့မလုပ် ။

ငါတို့ လမ်းခွဲပြီးမှတော့ ၊ ပြတ်သားသင့်တယ် ။

ဝမ်းယွီက သူ့အား စိုက်ကြည့်နေ၏ ။

သို့သော် လင်းကျစ်ရန်၏ နှုတ်ဆိတ်နေမှုက သူ့ရင်ထဲရှိ တစ်ခုတည်းသော မျှော်လင့်ချက်ခပ်ရေးရေး အား အပြီးတိုင်ဖျက်ဆီးပစ်လိုက်ချေသည် ။ အခုထိ သူဘာကိုမျှော်လင့်နေသေးတာလဲ...? ဒီလူက သူ့ကိုနည်းနည်းလောက် ဂရုစိုက်ပေးဖို့လား?..ဒါမှမဟုတ် သူ့ဆီကို ပြန်လာပေးဖို့လား?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now