အပိုင်း(၄.၁)

7.4K 1.1K 44
                                    

Unicode.

လင်းကျစ်ရန် ဒီခံစားချက်မဲ့ systemအား စျေးဆစ်ရန်မရနိုင်သဖြင့် လက်လျှော့လိုက်တော့သည်။

အင်း ။ မင်းနိုင်တယ်။

ဒါပေမယ့် ငါကြည့်လို့မရဘူးဆိုရင်တောင် ဘာဖြစ်မလဲသိပါတယ်၊ ငါကဇာတ်ညွှန်းဖတ်ထားပြီးသားကွ!

အခုချိန်လောက်ဆို လုဆွေ့ ဝမ်းယွီကို သန့်စင်ခန်းထဲမှာ ဖိချုပ်ထားပြီး လက်ရဲဇက်ရဲ အပြုအမူတစ်ခုခု လောက်ပြီးလောက်ပြီ။ ဝမ်းယွီကလည်း လုဆွေ့အပေါ် ရှုပ်ထွေးတဲ့ခံစားချက် ရှိနေပေမယ့် သူက သူ့အကိုရဲ့ချစ်သူဆိုတာ မေ့ထားလို့မရ။ ဒါကြောင့် ပြတ်ပြတ်သားသားငြင်းဆန်လိမ့်မည်။ ဒါပေမယ့်လုဆွေ့က သူတို့ရဲ့အရင်အမှတ်တရ တစ်ချို့ကိုပြန်ပြီး မှတ်မိလာအောင်လုပ်မည်။ ဒါကသောက်ရမ်းကျေနပ်ဖွယ်ကောင်းတဲ့ ပြန်လည်ဆုံစည်းခြင်း တစ်ခုပဲ!

ဒီစုံတွဲက အတော်လေး လိုက်ဖက်တယ်လို့ ရုတ်တရတ်ခံစားလာရသည်။

အနည်းငယ် မနှစ်မြို့စရာကောင်းတာကလွဲရင်လုံးဝစိတ်လှုပ်ရှား စရာပဲ!

သူ လက်ဆန့်ကာ ခုန်ပေါက်နေသည့်နှလုံးသားကိုပုတ်ပေးလိုက်သည်။ ထို့နောက် ခြေသံများကို ကြားလိုက်ရ သ​​ဖြင့် ချက်ချင်းဆိုသလို အမူအရာအားလုံးကိုဖုံးဖိလိုက်ကာ ပြီးပြည့်စုံသော ချစ်သူကဏ္ဍ ကိုဆက်လက် သရုပ်ဆောင်လိုက်သည်။

ဝမ်းယွီ လင်းကျစ်ရန်ကိုကြည့်လိုက်သည်။ ဒီလူက တည်ကြည်သောမျက်ခုံးတန်းတွေနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံရှိသည်။ အမြဲတမ်းလိုလို ဂရုဏာစိတ်နဲ့တွေးတောတတ်သေးသည်။ တစ်ခါတစ်ရံဆို တကယ့် လူယောက်အစစ်တစ်ယောက်လိုမျိုး ပြီးပြည့်စုံမနေ။ ဒါပေမယ့် မကြာသေးမီက သူရုတ်တရတ်သိလာတာက ဒီလူမှာလည်း လူသားတစ်ယောက်ရဲ့ ကြံရည်လက္ခဏာတွေရှိတယ်ဆိုတာ။ သူ့ရဲ့မျက်ဝန်းတွေက အမြဲကြင်နာ နေတတ်တယ်ဆိုပေမယ့် နားလည်ရခက်တဲ့ ခံစားချက်တွေလည်း ရောယှက်နေသေးသည်။ အဲ့တာက တစ်ဖက်လူကို မသိလိုက်မသိဘာ စူးစမ်းလိုစိတ် ဖြစ်စေသည်။

လင်းကျစ်ရန် ဒီနေ့ပြောရမည့် ဇာတ်ညွှန်းစာသားများအား အကုန်ပြောပြီးဖြစ်သဖြင့် ဒီနေ့အတွက် သတ်မှတ်ပန်းတိုင် သို့ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် မြန်မြန် ပြန်ပြီး ဒရမ်မာကြည့်ဖို့အတွက် ဝမ်းယွီအား ချိုသာစွာပြောလိုက်သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now