အပိုင်း(၃၈.၁)

2.6K 379 9
                                    

Unicode.

' မင်းရဲ့ခန္ဓာကိုယ်ကို ဘာလို့ ငါ့ကိုမငှားပေးတာလဲ...မင်းမလုပ်ရဲတဲ့အရာကို ငါကကူညီပေးနိုင်တယ် '

' သူ့ကို ပွေ့ဖက်ပြီး အမှတ်အသားတွေလုပ်လိုက်တော့!... သူက မင်းအပိုင်ပဲ '

ရွှမ်းရန်၏ အနက်ရောင် သူငယ်အိမ် များက နက်ရှိုင်းနေကာ ရွှေရောင် အလင်းတန်းများ တလက်လက်တောက်ပနေခဲ့သည်။ မျက်နှာမှာလည်းရုန်းကန်မှုတွေ၊ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပြီး နှုတ်ခမ်းပါးတွေကို တင်းတင်းကြပ်ကြပ် ဖိကိုက်ထားခဲ့သည်။

မဟုတ်ဘူး ငါမလုပ်နိုင်ဘူး...!!

သူဟာ ရုတ်​တရက်​ သူ့ရင်​ဘတ်​ကို လက်​ဖဝါးနဲ့ ပြင်းထန်စွာရိုက်​လိုက်​သည်​။

ရွှမ်းရန်​၏ ပါးစပ်မှ သွေးပွက်ပွက် အန်ထွက်လာပြီး သူ့မျက်နှာကဖြူဖျော့သွားပေမယ့် သူ့မျက်လုံးထဲက ရွှေရောင်အလင်းတန်းတွေမှာ နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားခဲ့လေသည်...။

သူဟာ မျက်လုံးများကို အနည်းငယ်စင်းလျက် ကုတင်ပေါ်မှ လူငယ်အား တမ်းတစွာကြည့်ကာ လက်လှမ်း၍ထိချင်နေမိသည်။ သို့ပေမယ့်​ သူလက်​နဲ့ထိ​ကြည့်လိုက်သော် လျှပ်စီးကြောင်းနှင့်ပွတ်တိုက်မိသလို ကျဉ်ခနဲဖြစ်သွားရပြီး လက်​ကိုပြန်​ရုတ်​လိုက်​လေ​၏...

သူဟာ လင်းကျစ်ရန် နဲ့ ပိုပြီးနီးကပ်လာလေလေ အတွင်းစိတ်ရှိမကောင်းဆိုးဝါးကောင်ကို ထိန်းချုပ်ရခက်လေလေပင်ဖြစ်​၏။

မိနစ်တိုင်းနှင့် စက္ကန့်တိုင်းတွင် အတွင်းစိတ်ရှိမကောင်းဆိုးဝါးသည် ပို၍ ပို၍ ပင် သန်မာလာတာကို ခံစားနေရချေသည်..။ အထူးသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ထိုမကောင်းဆိုးဝါးက အထပ်ထပ်အခါခါ သူ့ကိုပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေသည်..။

သူဟာ မည်မျှကြာအောင် ထိန်းချုပ်ထားနိုင်လိမ့်မည်မသိ...

လင်းကျစ်ရန်ဟာ နောက်နေ့တွင် အိပ်ရာမှထလာချိန်တွင် သူ့အစေခံက ဘေးတွင်ရှိမနေကြောင်း တွေ့လိုက်ရသည်။

လင်းကျစ်ရန်ဟာ နေ့တိုင်း ရွှမ်းရန်ရဲ့ဝန်ဆောင်မှုအပေါ် ကျင့်သားရနေပြီဖြစ်ပြီး ထိုလူကဒီနေ့တွင် ထူးထူးဆန်းဆန်းပျောက်နေသည်။ ထူးဆန်းလိုက်တာ။ ဘာဖြစ်တာလဲမသိဘူး။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now