အပိုင်း(၂၅.၁)

4.2K 702 17
                                    

Unicode.

မူယန်သည် လင်းကျစ်ရန်က သူနှင့်အတူလိုက်ခဲ့ဖို့သဘောတူညီလိုက်သောကြောင့်အလွန်ပျော်ရွှင်သွားလေသည်။ စင်ကြယ်သောနန်းတော်သို့ရောက်လျှင် လင်းကျစ်ရန် ကျင့်ကြံနိုင်ရန် နည်းလမ်းရှာရမည်လို့ တွေးထားလိုက်သည်။ဒါပေမယ့် သူတို့မထွက်ခွာခင် မူရာကျူးအတွက် အရင်ဆုံးစီစဥ်ပေးရမည်။

မူယန်သည် မူရာကျူးအတွက် ဆိတ်ညံသောအရပ်တွင် ခြံဝန်းတစ်ခုဝယ်ယူပေးကာ ပြောင်းရွှေ့နေထိုင်ရန်အကြံပြုသော်လည်း သူမက ငြင်းဆန်ခဲ့ပြီး ဒီနေရာတွင်သာနေလိုကြောင်းပြောခဲ့သည်။ထို့ကြောင့် အိမ်ထိန်းအား သူမအတွက် စားစရာနှင့် ဆေးဝါးများကို ပုံမှန်ပို့ပေးရန်မှာကြားထားခဲ့သည်။သူနှင့် လင်းကျစ်ရန် ထွက်သွားပြီးနောက်တွင်သူမအတွက်စိုးရိမ်စရာမလိုတော့ပေ။

မူရန်အတွက်မူ တတိယဦးလေးကိုသွားတွေ့ရမည်။ သူကိုယ်တိုင်မှာကြားခဲ့လျှင် ဦးလေးက မူရန့်ကို မျက်နှာသာပေးမည်မဟုတ်။

မူယန်သည် စိတ်အေးသွားရသည်။

မူယန်က အားလုံးကို စနစ်တကျစီစဥ်ထားသည်ကို မြင်သော်လင်းကျစ်ရန်သက်ပြင်းချလိုက်သည်။သူက အရမ်းကို စိတ်ထားကောင်းလွန်းသည်။ လီယဲ့ နင့်​နင့်​နဲနဲ ချစ်မိသွားတာလည်း မဆန်းပေ။ ဒါပေမယ့်လို့ သူက အမြှောက်စာဖြစ်နေတာတော့ သနားစရာပင်။ မူယန်က ဘယ်လိုပဲသူ့အပေါ်ကောင်းနေပါစေ ဒါကညီအစ်ကိုလိုအချစ်မျိုးသာ။ သူ့ဆရာအတွက် ခံစားချက်တွေကိုတော့ သီးသန့်ချန်ထားပြီးသားဖြစ်သည်။

လင်းကျစ်ရန်သည် ခေါင်းခါလိုက်ပြီး ဒီအကြောင်းကိုဆက်မတွေးတော့ပေ။ နည်းလမ်းဟောင်းများက အသုံးမဝင်သောကြောင့် မူယန်သည် လင်းကျစ်ရန်ကိုလေ့ကျင့်ဖို့မတိုက်တွန်းတော့ချေ။ လင်းကျစ်ရန်သည်ပျော်ရွှင်စွာ အချိန်ဖြုန်းနေတော့သည်။ အိမ်စာတွေအတင်းမလုပ်ခိုင်းသရွေ့ ငါတို့သူငယ်ချင်းကောင်းတွေဖြစ်နိုင်ပါတယ်။

အချိန်များက တဖြည်းဖြည်းကုန်လွန်လာခဲ့သည်။ လူရွေးပွဲနီးကပ်လာသောကြောင့် မူယန်လည်းမအားလပ်တော့ပေ။ သူသည် ဒီနေရာတွင် မွေးဖွားကာကြီးပြင်းလာသူဖြစ်ပြီး လင်းကျစ်ရန်လို ဆွေမဲ့မျိုးမဲ့မဟုတ်။ နန်းတော်သို့ဝင်လျှင် နှစ်အတော်ကြာအောင်အထိ ခဏတိုင်း ပြန်လာနိုင်မှာမဟုတ်သောကြောင့် ထုံးစံအတိုင်းကိုင်တွယ်ဖြေရှင်းစရာများရှိလေသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now