အပိုင်း(၄၀.၃)

1.9K 326 14
                                    


Unicode.

လင်းကျစ်ရန်ဟာ ဒီကမ္ဘာတွင်အသက်မရှင်ချင်တော့သောကြောင့် ရွှမ်းရန်ရဲ့စိတ်ကို ဆွကာ ပြောလိုက်သည်

" မြန်မြန် ကျွန်တော့်ကို သတ်လိုက်တော့! "
လင်းကျစ်ရန်ရဲ့ စကားက ရွှမ်းရန်ကို ဖြည့်မဆည်နိုင်အောင် နာကျင်စေ​သည်။

ငါတောင်းပန်ပါတယ်...မင်းငါ့ကို ဘာပဲတောင်းဆို တောင်းဆို ​ဒီတစ်ခုကလွဲရင် ငါ အကုန်ဖြည့်ဆည်းပေးနိုင်တယ်...ဒါပေမယ့် ငါမင်းကိုတော့ မသတ်နိုင်ဘူး...

သူဟာ လင်းကျစ်ရန်ကို နင့်နင့်နဲနဲ စိုက်ကြည့်ပြီးနောက်လှည့်ထွက်သွားခဲ့သည်။

...........

မူယန်ဟာ မျက်မှောင်ကြုတ်လျက် တင်ပျဉ်ခွေထိုင်နေရင်းမှ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများက မဲနက်နေ​၏။ သူ အခုတချိန်ကလီယဲ့နေခဲ့သော ပေါင့်ကျန်းတောင်ထွတ်ကို ရောက်နေတာဖြစ်သည်။ သူဟာ ထိုနေ့က အဖြစ်အပျက်ပြီးကတည်းက ရှန့်ရွှမ် နန်းဆောင်တွင် တစ်စက္ကန့်တောင် မနေချင်တော့။ ရွှန့်ရွှမ်နန်းဆောင်က ညစ်ညမ်းပြီး သူ့ကိုရွံရှာစေသည်။

သူ လီယဲ့ကို ဒီနေရာဆီ ခေါ်လာခဲ့မိတာတောင် အရမ်းနောင်တရမိသည်။ သူသာခေါ်မလာခဲ့ရင် လီယဲ့လည်း ရွှမ်းရန် ချုပ်နှောင်ထားတာ ခံရမှာမဟုတ်။ စဉ်းစားကြည့်မှ ထိုနေ့က ရွှမ်းရန်ရဲ့ အမူအရာတွေက အရမ်းထူးဆန်းသည်။ အထူးသဖြင့် မျက်ဆံတွေက ရွှေအိုရောင်ပြောင်းနေသည်။ ပုံမှန်ရွှမ်းရန်နှင့် လုံးဝကွဲပြားခြားနားသည်။ ဒါပေမယ့် အဲ့ဒါက ရွှမ်းရန်မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ....တခြားသူသာဆို ဘယ်လိုလုပ် ရှန့်ရွှမ်နန်းဆောင်က ပင်မခန်းမဆောင်ထဲမှာ ရှိနေနိုင်မှာလဲ...ပြီးတော့ သူ့ရဲ့မျက်နှာကလည်း ရွှမ်းရန်နဲ့ ချွတ်စွပ်တူနေသည်...သူက ရွှမ်းရန်သာဆို ဘာလို့ ဒီလိုလုပ်ရတာလဲ....

မူယန့်  ရင်ထဲတွင် အဖြေမရှိသေးသော မေးခွန်း ပရပွနှင့် ရှုပ်ထွေးနေသည်။ ထိုစဉ် မျက်လုံးမှိတ်လိုက်သော် သူ့အာရုံထဲသို့
ယောက်ျားပျိုတစ်ယောက် အတင်းအကြပ်ရယူခံနေရသည် မြင်ကွင်းကပေါ်လာပြန်သည်...ထိုမြင်ကွင်းက တစ်မျိုးတဖုံဆွဲမက်စရာကောင်းသည်...ယောက်ျားပျိုဟာ တစ်ဖက်လူရဲ့ အောက်တွင် ပုံမှန်နှင့် ကွဲလွဲစွာ ရမက်ဆန်သော အနေအထားဖြင့် ဖိကပ်ခံထားရသည်...ထိုချိန်တွင် မူယန့်ရင်ထဲ၌နာကျင်မှုနှင့်အတူ တစ်ဖက်လူရဲ့နေရာတွင် လူစားလဲပြီးထိုယောက်ျားကို သိမ်းပိုက်ချင်စိတ်များပေါ်လာခဲ့သည်။ 

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now